အပိုင်း-၈

8 2 0
                                        

  ညမှောင်ရီပျိုးလာချိန်မှာတော့...လမင်းအဆောင်ကို ပြန်ရောက်လာခဲ့သည်။ နန်းစန္ဒီဟာ လမင်းစားရန်အတွက် လက်ဖက်ထမင်းသုပ်၊ ကြက်ဉကြော်နဲ့ ငါးခြောက်ဖုတ်ကို စာရေးစားပွဲပေါ်မှာ ပြင်ပေးထားတယ်။ လမင်း အခန်းထဲ ဝင်လာတဲ့အခါမှာတော့.....

  “လာပြီလား။ ဒီမှာ...အစ်ကိုစားဖို့အတွက် ပြင်ပေးထားတယ်”

  “အင်း...ဒါနဲ့...မေလင်းက အိပ်နေပြီလား”

  “ဟုတ်တယ်။ စာမေးပွဲဖြေထားရတာ ပင်ပန်းနေတုန်းမို့လို့ စောစောဝင်အိပ်သွားတယ်”

  “မင်းရောမပင်ပန်းဘူးလား”

  “နည်းနည်းပေါ့။ ဒါပေမယ့်...အစ်ကို့ကိုပြန်တွေ့ရတော့ မပင်ပန်းတော့ပါဘူး။ အားတွေပြန်ပြည့်သွားပြီ”

  လမင်း သွားအစွယ်လေးဖော်ကာ ပြုံးလိုက်မိသည်။

  “အဲ့လိုကြီး ခဏခဏ မပြုံးပြစမ်းပါနဲ့”

  “ဘာလို့လဲ။ မင်းမကြိုက်ဘူးလား”

  “မဟုတ်ပါဘူး။ အဲ့လိုပြုံးပြတော့ အစ်ကိုက...ဟို...”

  “ဘာဖြစ်လို့လဲ”

  “ဘာမှဟုတ်ဘူး”

  “ပြော...ဘာဖြစ်လို့လဲ အဲ့လိုပြုံးတာ...ပြောနော်”

  “ဟို...အဲ့လိုပြုံးရင် အစ်ကိုက ပိုပြီးချစ်ဖို့ကောင်းလို့ပါ...တော်ကြာ...အဲ့အပြုံးကြောင့် အစ်ကို့ကို...စန္ဒီ...ချစ်မိသွားမှာဆိုးလို့...”

  “ဒါဆိုလည်းချစ်လိုက်လေ။ အစ်ကိုကတော့ မင်းကိုချစ်တယ်။ သိပ်ချစ်တယ်။ အရမ်းချစ်တယ်။ တစ်သက်လုံးချစ်တယ်။ လမင်း စန္ဒီ့ကို ချစ်တယ်။ မဟုတ်ဘူး။ အဲ့ထက်ပိုတယ်”

  “တော်ပါတော့အစ်ကိုရယ်...ချစ်တာတွေများနေသလိုပဲ”

  “အဲ့ဒါက ချစ်တာကို။ အဖေလာခေါ်ရင်လည်း အိမ်မပြန်တော့ဘူး။ ဒီမှာပဲ မင်းနဲ့အတူနေပြီး မင်းကိုစောင့်ရှောက်ပေးမှာ။ ဒါကြောင့် ငါ့ကိုပြန်ချစ်ပါနော်။ စန္ဒီ ငါ့အချစ်တွေကို မမြင်ဘူးလား။ ငါ့အချစ်တွေက.....”

  “ခဏ...နေပါဦး။ ဇွတ်မတိုးနဲ့လေ။ စန္ဒီ့မှာ မိဘနဲ့ညီမလေးကို ကျေးဇူးဆပ်၊ စောင့်ရှောက်ရမယ့်တာဝန်တွေ ရှိသေးတယ်လေ”

နှလုံးသားထဲမှမကောင်းဆိုးဝါးDonde viven las historias. Descúbrelo ahora