အပိုင်း-၆

9 2 0
                                        

  နန်းစန္ဒီတစ်ယောက် ကြောင်တောင်တောင်ဖြစ်ပြီး အခန်းထဲဝင်လာသည်။ အခန်းထဲရောက်တဲ့အခါမှာတော့ မေလင်းဟာ အိပ်ရာပေါ်မှာအိပ်ပျော်နေပြီ။

လမင်းက တစ်ဖက်ကုတင်ပေါ်မှာ ထိုင်နေပြီး နန်းစန္ဒီကိုလှမ်းခေါ်တယ်။ နန်းစန္ဒီလည်း လမင်းအနားသွားပြီး ကုတင်ပေါ်ထိုင်လိုက်သည်။ လမင်းဟာ သူ့ရဲ့အနွေးထည်အိပ်ကပ်ထဲကနေ ချယ်ရီပန်းပုံပါတဲ့ ဆံထိုးလေးကိုထုတ်ပြီး နန်းစန္ဒီလက်ထဲ ထည့်ပေးလိုက်၏။

  “ဒါ...ဒါကိုဘယ်ကရလာတာလဲ”

  “မင်းအတွက်။ မင်းလိုချင်နေတာမလား။ အဲ့ဒါကြောင့် ငါယူလာတာလေ။ မင်းကြိုက်လား”

  “ဒါကိုခိုးလာတာလား။ မခိုးရဘူးလေ။ နောက်ဆိုအဲ့လိုမလုပ်ပါနဲ့ အစ်ကိုရယ်...”

  “ဘာလဲ! မင်းမကြိုက်ဘူးလား”

  “ကြိုက်ပါတယ်။ ဒါပေမယ့်သူတစ်ပါးပစ္စည်းကို သူတစ်ပါးမပေးပဲ မယူရဘူး။ အဲ့ဒါက ခိုးမှုမြောက်တယ်။ နောက်ဆိုရင်မယူနဲ့။ မခိုးနဲ့နော်”

  “အင်း။ ဒီတစ်ခါပါပဲ။ ငါမင်းကိုပေးချင်လို့”

  “အင်းပါ။ ကျေးဇူးပါနော်။ ဒီမှာဆံပင်စည်းထားတဲ့နေရာမှာ ဆံထိုးလေးကို ထိုးလိုက်ပြီနော်”

ထိုအခိုက်.....

လမင်းဟာ နန်းစန္ဒီကိုဆွဲပြီး သူ့ရင်ခွင်ထဲ ထွေးဖက်လိုက်တယ်။ ထို့နောက် သူမရဲ့ပါးပြင်လေးကို သူ့နှုတ်ခမ်းနဲ့ နမ်းရှိုက်လိုက်၏။

  “အစ်...အစ်ကိုဘာလို့...ဒီလိုလုပ်တာလဲ...စန္ဒီ့ကိုဘာလို့.....”

  “နွယ်နီကမင်းကို ဒီလိုလုပ်တယ်လေ။ မင်းတို့က သူငယ်ချင်းတွေဆို...ငါလည်းမင်းနဲ့သူငယ်ချင်းတွေ မဟုတ်လား။ ငါမင်းကိုသဘောကျတယ်။ နွယ်နီ့ကို မင်းသဘောကျသလို...ငါ့ကိုသဘောကျပေးပါလား”

  “အဲ့...အဲ့တာက.....”

  နန်းစန္ဒီတစ်ယောက် နှလုံးခုန်သံတွေ မြန်သည်ထက်မြန်လာ၏။

  “အဲ့...ဒါက...မေလင်းနဲ့နွယ်နီတို့ကို သဘောကျသလို အစ်ကို့ကိုလည်း သဘောကျပါတယ်။ ဒါပေမယ့်...သူတို့လုပ်သလို လိုက်လုပ်စရာမလိုပါဘူး”

နှလုံးသားထဲမှမကောင်းဆိုးဝါးOnde histórias criam vida. Descubra agora