Part.30. 🚨🚨🚨

Start from the beginning
                                        

ဘယ်လို!ခနဲ့တယ်။သူ့အလှည့်ကျ ခနဲ့တယ် ဖြစ်သွားရောလား။ တကယ်တမ်း တေးဆိုတာ ဘယ်ကိစ္စမဆို မေ့လွယ်ပျောက်လွယ်လူမျိုး။ စိတ်ဆိုးလည်း တစ်ခဏ၊ ဒေါသဖြစ်လည်း တစ်ခဏပါ။ဒါပေမဲ့ သူ့ကို သိစေချင်သည်။ကိုယ် မစဉ်းစားမဆင်ခြင်ပြောလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူအတွက် ဘယ်လောက်ရိုက်ချက်ပြင်းသလဲဆိုတာ။ကြားရသူအဖို့ ဘယ်လောက်ခံစားရလဲဆိုတာ။သိစေချင်လို့။

ဒီနေရာမှာ တခြားသူသာဆို တေး မျက်နှာလွဲခဲပစ်လုပ်ဖို့ဝန်လေးနေမှာ မဟုတ်သလို လေကုန်ခံပြီးလည်း ချေပနေမှာမဟုတ်ဘူး။သူဖြစ်နေလို့၊ တေးရဲ့ဘဝလက်တွဲဖော် လူဆိုးကောင်လေး ဖြစ်နေလို့။

တေး သူ့ကို တကယ် ပြုပြင်ပေးချင်မိပါ၏။

မခံမရပ်ဖြစ်နေသည့်သူ့စိတ်တွေကြောင့် သူ့ကိုကျောပေးထားတဲ့ တေးကိုလည်း ကြမ်းကြမ်းတမ်းတမ်းမကိုင်ရဲ ၊ စကားကိုလည်း ပျစ်ပျစ်နှစ်နှစ်မပြောရဲနဲ့ မချင့်မရဲဖြစ်နေတာကို တေးခံစားမိပါသည်။သူ ရှိုက်ထုတ်နေတဲ့ လေပူတွေက တေးကုပ်သားနှင့် လည်တိုင်တို့ဆီ အတိုင်းသားပဲလေ။

"လွယ်လွယ်မကြည်ဖြူနိုင်မှန်းသိလို့ သေချာညှိယူမလို့လေ ၊ ဒါကို စကားကိုဆုံးအောင်ပြောခွင့် ပေးခဲ့သလား ။ နောက်ပြီး ကိုယ့်တစ်ဖက်သတ် ထင်ရာတွေနဲ့ သူများကို စွပ်စွပ်စွဲစွဲပြောသေးတာ"

တေး သူရှိရာဘက်ကိုလှည့်ပြီး သူ့မျက်လုံးတွေ တည့်တည့်ကိုကြည့်ပြီး ပြောပစ်လိုက်တာဖြစ်၏။မသိဘူး ၊ သူနဲ့ဆို အုံ့ပုန်းလုပ်ရတာ မကြိုက်ဘူး။ခုလို ထုတ်ပြောပစ်လိုက်မှ နေသာထိုင်သာရှိသွားတာ။

တေးရဲ့ ကတ်ကတ်လန်အပြောတွေကြောင့် မာနမျက်နှာ တစ်စတစ်စ ပြုံးထေ့ထေ့ဖြစ်လာလေတော့သည်။ကိုယ်မှားပါတယ်လို့လည်း ဝန်ခံပြီးပြီ ၊ သူ ကျေနပ်အောင်လည်း တောင်းပန်ပြီးပြီကို ခုထိ အခဲမကျေနိုင်တာဗျာ။ တကယ်ပါ ဒီတစ်ယောက်က သူအသာစီးရရင် ဆူမယ်ပြောမယ်ဆိုတာ ချည်းပဲ။

"ဟုတ်တယ် ၊ မောင်မှားတာ ဟုတ်ပြီလား။ အဲတာကြောင့် မောင် တောင်းပန်ပြီးပြီ ၊ ကျေနပ်တော့လေကွာ"

KONWhere stories live. Discover now