နားရွက်ဖျားတွေတင်ပါမက တေး မျက်နှာတစ်ပြင်လုံး နှင်းဆီနီနီတို့ စိုက်ပျိုးထားသည့် ပန်းခင်းတစ်ခုပမာ ရဲရဲတောက် နီစွေးသွားရလေ တော့သည်။
ရူးပေါ့ ၊သွက်သွက်ခါအောင် ရူးပေါ့။ဘာလုပ်ရမှာလဲ။အလကား! ဟိုဟာ ဖြစ်ရင်ရူးမယ် ဒီဟာဖြစ်ရင်ရူးမယ်နဲ့ ပါးစပ်ထဲရှိရာ လျှောက်ပြောနေတာ။သူလိုလူလား တကယ်ရူးမှာ။သူများကိုသာ ဉာဏ်နီဉာဏ်နက်အစုံသုံးပြီး ရူးအောင်လုပ်မယ့်သူကများ။ယုတ်စွအဆုံး သူကိုယ်တိုင် တကယ်ရူးသွားရင်တောင် သူလိုလူက ပါးနပ်တဲ့ အရူးပါးပဲဖြစ်မှာ။
"ကြားလား မောင်ပြောတာ"
နားစည်နဲ့ အနီးဆုံးနေရာဆီထိကပ်၍ ခပ်တိုးတိုးပြောနေသလိုနဲ့ ဩရှနေအောင် အသံကို ဆွဲငင်ပြစ်တာက တမင်လုပ်နေသလိုပင်။ဝင်းမွတ်နေတဲ့ တေးရဲ့ ကုပ်သားဖွေးဖွေးလေးတစ်ပြင်လုံးမှာ ကြက်သီးအဖုလေးတွေ ထင်းထနေတော့မှာ အသေအချာ။
"မင်းပြောထားတဲ့ ကိစ္စ မောင်လိုက်လျောမယ်၊မောင့်ကို ခုနကလို ပြန်ခေါ်ပေး"
မာနရင်ခုန်သံတွေ တကယ် မြန်လာခဲ့သည်။အခံရှိပြီးသား မငြိမ်မသက် ရင်ခုန်နှုန်းတွေက တစ်ကျော့ပြန် သက်ဝင်လာလေပြီ။ဒီလူဖြစ်နေတယ်ဆိုတဲ့အသိနဲ့တင် ဝုန်းဒိုင်းကြဲပြီးသား ရင်ခုန်နှုန်းတွေက ထိုနာမ်စားလေးကိုသာ ထပ်ကြားရပါလျှင် ထိန်းမနိုင်သိမ်းမရတော့တဲ့ထိများ ဖြစ်သွားလေမလား။
တကယ်တမ်းလက်တွေ့မှာ မာနရဲ့တစ်ဦးတည်းသောထံမှ ရရှိခဲ့သည့် တုံ့ပြန်ချက်သည်ကား...
"ဒါဆို မင်းစိတ်ရင်းမှန်မဟုတ်ဘူးပေါ့ ၊ မင်းလိုတာရရင် လိုက်လျောမှာဆိုတဲ့သဘောပေါ့ ၊ စိတ်ရင်းထဲမှာ မကြည်မဖြူဖြစ်နေတဲ့ ကိစ္စကိုတောင်လေ"
ခနဲ့လိုက်တာကွာ။ ချေပချက်က တကယ်ပြင်းထန်လှပါဘိ။မာန ကိုယ့်အတက်ကိုယ်စူးတော့သည်။
"မဟုတ်..ကျစ်..တေး! မင်း မောင့်ကို မခနဲ့ နဲ့၊ မောင်ဆိုတာ မင်းဖြစ်နေတယ်ဆိုတာနဲ့တင် အရာရာလိုက်လျောချင်နေတာမျိုး ၊ ခုကိစ္စက လွယ် လွယ်မကြည်ဖြူနိုင်မှန်း သိနေလျက်နဲ့ကွာ”
Part.30. 🚨🚨🚨
Start from the beginning
