" ရွှတ်.. ရွှတ်"
တေးလည်ပင်းမှ ရနံ့တစ်မျိုးထွက်နေသည့်နှယ် သူ့နှာခေါင်းဖြင့် နေရာအနှံ့ တရစပ် နမ်းရှုပ်နေသည့်အပြင် လျှာဖျားနဲ့ပါ ပွတ်ဆွဲလာတော့ တေး တစ်ကိုယ်လုံး ကြက်သီးတို့ တဖြန်းဖြန်းထကာ လည်ပင်းကို တွန့်လိမ်ရှောင်ရှားမိတော့၏။
ခေါင်းကို ပခုံးနဲ့ဖိကပ်ကာ လည်ပင်းနေရာကို ကွယ်ဝှက်မည်ပြုသော်ငြား ကြားမှာခံနေသည့် မာနခေါင်းကြောင့် ဘယ်လိုမှမတတ်သာ။ပိုဆိုးသည်က သူ့ခေါင်းက လည်ပင်းဆီ အတင်းတိုးနေတော့ တေးခေါင်းကတစ်ဖက်ကို စောင်းသွားကာ လည်ပင်းအား တမင်ဆန့်ပေးထားသလို ဖြစ်နေသည်။
"ဖယ်! လွှတ်!"
တေး စကားလုံးများများစားစား ထုတ်မပြောနိုင်ပါ။အကြောင်းမှာ လည်ပင်းဆီမှ မက်မက်မောမော အထိတွေ့တွေကြောင့် နှုတ်ခမ်းကို ဖိပိတ် ထားရ၍။
ထို့အတူ တေးလက်နှစ်ဖက်ကလည်း ခါးမှာ သိုင်းပတ်ရစ်နှောင်ထားတဲ့ တင်းတင်းကျပ်ကျပ် လက်နှစ်ဖက်ကို အတင်းဖယ်ချနေရ၏။ထိုလက်တွေ ကြောင့် တေးတစ်ကိုယ်လုံး ဘယ်လိုမှ လူးလွန့်မရတာပင်။
သူပြောချင်ရာပြောပြီး လူကို မထိဘဲနေနိုင်တာလည်း မဟုတ်။အဲ့အကျင့်တွေကို တေး နည်းနည်းမှမကြိုက်။သူ့ဘက်က အမှားသာဆိုရင် ရှောင်လွှဲ ချက်အမျိုးမျိုးနဲ့ မရရအောင် အပြစ်ဖို့သည်။သူများကိုဆို ဘယ်တော့မှ စကားဆုံးအောင်ပြောခွင့်မပေး။ဖြေရှင်းမခံ။ထစ်ခနဲရှိ သတ်မယ်ဖြတ်မယ်ပဲ။
" ဖယ်ပေး.....အ!"
တေးက ရုန်းလေလေ သူက ပိုတိုးဖက်လေလေဖြစ်သည့်အပြင် တေး လည်ပင်းရဲ့ ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းရော သူ့ကိုက်ရာတွေ နေရာ လပ်မရှိ။
"တေး"
လည်ပင်းသားတွေဆီကနေ ဖယ်ခွာသွားတဲ့ မာနနှုတ်ခမ်းက တေးရဲ့ နားရွက်ဖျား ရဲတွတ်တွတ်တွေဆီ ခရီးဆန့်လာပြီး နားဖျားနုနုလေးထံကပ် ကာ ဩရှရှအသံဖြင့် ခေါ်လာတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေတွေ ခေတ္တရပ်တန့်သွားလေသည်။
ထိုအချိန်မှာပင်...
"မင်းနှုတ်ခမ်းလေးတွေကနေ 'မောင်'လို့ ခေါ်လိုက်တုန်းက မောင် ရူးသွားတော့မလို့"
Part.30. 🚨🚨🚨
Start from the beginning
