Part.30. 🚨🚨🚨

Start from the beginning
                                        

အကယ်၍……

တေးကိုယ်တိုင် သူ့ကိုယ်သူနွံအဖြစ်သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိ ရုန်းမရအောင်ချုပ်ကိုင် ကျွံဝင်စေခဲ့မယ်ဆိုရင်တောင် ကိုယ်က ရဲရဲကြီးခုန်ချမိမှာ။

တကယ်ပါ၊မောင်က မင်းကို အဲလောက်ဖြစ်နေပြီ!

"မောင်သိတယ် ၊ ဒီကိစ္စမှာ မောင်မှားတယ်။ပြီးတော့ မင်းမှာလဲ ခံစားချက်တွေရှိနေမှာပဲ။တစ်ခုပဲ ... ထုတ်ပြောပေး ။ မကျေနပ်တာရှိရှိ မင်းဖြစ်ချင်နေတာတစ်ခုခုပဲရှိရှိ မောင့်ကိုထုတ်ပြောလာပေး။ ဒီအတိုင်းကြိတ်ခံစားမနေနဲ့ ဟုတ်ပြီလား"

ထိုစကားကိုပြောနေစဉ် မာန တေးလက်ဖဝါးလေးတစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး မိမိပါးဆီကပ်လိုက်သည်။ဒီတစ်ခါတွင်တော့ ရိုက်ပါစေနှက်ပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့မဟုတ်ဘဲ တေးလက်ဖဝါးနဲ့မိမိပါးကို တယုတယ ထိတွေ့စေလိုက်ခြင်း။တစ်စပ်တည်း မျက်လွှာချထားသဖြင့် သွယ်စင်းနေသော မျက်တောင်ကော့ကော့လေးများကိုလည်း မာန အပေါ်စီး ကနေ တစ်ဝကြီး စူးစိုက်ကြည့်နေမိသည်မှာ အသက်ရှူဖို့ပင် မေ့သည်အထိ။

"လွှတ်! ဘယ်သူမှ ကြိတ်ခံစားမနေဘူး"

ဖျတ်ခနဲဆွဲယူကာ ရုတ်သိမ်းသွားသည့် လက်ဖဝါးနုနုလေးတစ်ဖက်နှင့် ဘောက်ဆတ်ဆတ်ထွက်လာသည့် ဘုကျကျအပြောလေးက အုံ့မှိုင်းနေသော အခြေအနေတစ်ခုအတွက် လင်းရောင်ခြည်များ။

ခပ်စိမ်းစိမ်းအကြည့်တွေ ၊ ရေငုံနှုတ်ပိတ် လျစ်လျူရှုမှုတွေထက် ဒီလို အမူအရာလေးတွေကမှ ကိုယ့်တစ်ဦးတည်းသောရဲ့ သွင်ပြင်စစ်စစ်မလား။

ခပ်အုံ့အုံ့ တိမ်သားညစ်ညစ်တွေကင်းစင်သွားပြီး ရာသီဥတု ကြည်လင်လာပြီဟု မှတ်ယူနေလေကာမှ မာနကို ကျောခိုင်း၍ အခန်းတံခါးအား ဖွင့် ထွက်ဖို့ ဦးတည်နေပြန်တဲ့ အရိပ်လေးကြောင့်.

"မင်း!"

မာနက တေးတစ်ကိုယ်လုံးကို နောက်မှသိုင်းဖက်လိုက်ကာ သူ့လက်နှစ်ဖက်လုံးက တေးခါးလေးကို ဖျစ်ညှစ်တော့မတတ် သိုင်းကာ ရစ်ပတ်လာ၏။

ထိုမျှမကသေး ခပ်ဟဟဖြစ်နေတဲ့ pajamas ကော်လံထဲသို့ မျက်နှာ အတင်းတိုးဝင်ကာ နှာခေါင်းချွန်ချွန်နဲ့နှုတ်ခမ်းနွေးနွေးက တေးရဲ့ ရနံ့သင်းသင်းလည်ပင်းသားလေးတွေဆီ ကျူးကျော်လျက်။

KONWhere stories live. Discover now