Part.30. 🚨🚨🚨

Start from the beginning
                                        

"တောင်းပန်စကားနဲ့တင် မကျေနပ်ဘူးလား၊ ရတယ် ၊ ရိုက်မှာလား နှက်မှာလား၊ ဒါပေမဲ့ မောင် တောင်းပန်တာကို လက်ခံပေး"

"ဟင် ... မင်း!"

ပြောလည်းပြော သူ့ရင်ဘတ်ဆီကပ်ထားတဲ့ တေးလက်ကို သူ့ပါးပေါ်တင်ပြီး ချိန်ရွယ်ပေးနေတာကြောင့် တေး မျက်လုံးတွေ ပြူးကျယ်ကာ လန့်ဖျပ်သွားရသည်။ထို့အပြင် တင်းကျပ်နေတဲ့သူ့လက်ထဲနေ ကိုယ့်လက်ကိုယ် အတင်းရုန်းယူနေရ၏။သူ ရူးနေပြီလား။ဒီလိုလုပ်ရပ်မျိုးကို တေးဘယ်လိုများ၊ မဟုတ် ဘယ်လိုနှလုံးသားနဲ့များ ကျူးလွန်ရမှာလဲ။သူ့ပါးက သူများ လက်ဝါးတင်ဖို့ ဖြစ်တည်လာတာမဟုတ်ဘူးဆိုတဲ့စကားကို သူမေ့သွားတာလား။

မာန တေးရဲ့ အထိတ်တလန့်မျက်နှာလေးကို စူးစိုက်ကြည့်နေမိသည်။မရိုက်ရဲတာပဲဖြစ်ဖြစ် ၊မရိုက်ရက်တာပဲဖြစ်ဖြစ် မာနပါးပေါ်ရှိ သူ့လက်ဖဝါးကို အတင်းရုတ်သိမ်းနေတာနဲ့တင် မာနစိတ်တွေ မငြိမ်မသက်ဖြစ်ရသည်။တေးက မရိုက်ရက်လေ မာန ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ရလေပါပဲ။

ထစ်ခနဲရှိ စိတ်ကိုလွှတ်လွှတ်ပေးတတ်တဲ့ ကိုယ့်ရဲ့အကျင့်ကို မာန ဒီတစ်ခါတော့ တော်တော်လေး စိတ်ပျက်သွားမိသည်။ဘာဖြစ်လဲ သူက ရည်ရွယ်ချက်ရှိရှိခေါ်ခေါ် ၊ အစစ်အမှန်ခေါ်ခေါ် ။

သူ့နှုတ်က ထိုနာမ်စားထွက်လာရုံနဲ့တင် ကျေနပ်ရမှာမလား … မာန လောဘတွေ ကြီးမိသွားတာ။

တကယ်ပါ စိတ်တွေက ဒီတစ်ယောက်နဲ့ပတ်သက်ရင် ဘယ်တော့မှထိန်းချုပ်မရ။ကိုယ်တစ်ဦးတည်း၊ ကိုယ်တစ်ယောက်တည်း၊ အစစ်အမှန်ဆိုတဲ့ ကန့်သတ်ချက်တွေကို အလေးပေးတတ်လာသည်။

အတုအယောင်တွေထဲကမှ ကိုယ် မြတ်မြတ်နိုးနိုးတန်ဖိုးထားခဲ့ရတဲ့ တစ်ခုတည်းသော အစစ်အမှန်မို့ပေလားမသိ။တစ်လောကလုံးကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ဒီကောင်က သူနဲ့ဆိုင်လာရင်တော့ အခေါ်ဝေါ်ကအစ လေးနက်ချင်လာသည်။

ခုတော့ ကိုယ်အကြိမ်ကြိမ်ဘာသာပြန်ဖူးသော အကြည့်လေးတွေ ၊စိတ် ခံစားချက်အတိုင်း တစ်ထပ်တည်းရှိနေတတ်တဲ့ မျက်ဝန်းကြည်ကြည်လေးတွေကို အကဲခတ်ရုံဖြင့် ဒီကိစ္စမှာ မိမိသာ မှားသူဖြစ်ကြောင်း မာန သုံးသပ်မိပြီဖြစ်သည်။

KONWhere stories live. Discover now