Part.30. 🚨🚨🚨

Start from the beginning
                                        

တဖြည်းဖြည်းပြောင်းလဲသွားတဲ့ မျက်ဝန်းလေးတွေကြောင့် မာန ဆုံးအောင်ပင် ပြောမထွက်နိုင်တော့။

စွပ်စွဲချက်ကြောင့် တေးရင်ဘတ်တစ်နေရာက လှိုက်ခနဲဖြစ်သွားလေသည်။ထင်ရက်တယ် … သူ့စိတ်ထဲမှာ တေးက လိုတာရှိမှ၊ မဟုတ်ဘူး သူ့ မျက်လုံးထဲမှာ တေးက အဲလိုလူစားမျိုး ဖြစ်နေခဲ့တာလား။တေး ဘယ်လိုမှ မခံစားနိုင်တော့ပေ။

ရှေ့မှာပိတ်ရပ်နေတဲ့ မာနကို ကျော်တက်၍ တံခါးဆီဦးတည်နေတဲ့ ကိုယ်လုံးလေးအား မာန လမ်းတစ်ဝက်ကနေ ဖမ်းယူသိုင်းဖက်လိုက်ပြီး....

"မဟုတ်ဘူး ၊ မင်းထင်နေသလို မဟုတ်ဘူး ၊မောင်.....မောင်အရမ်း စိတ်လှုပ်ရှားသွားလို့"

တေးကျောပြင်လေးကို မာနက သူ့လက်နှစ်ဖက်နဲ့ တင်းကျပ်နေအောင် သိုင်းဖက်ထားတော့ တေးကိုယ်လေးက မာန ရင်ခွင်ကျယ်ကြီးထဲ လုံးလုံးလျားလျား ကျရောက်နေသည်။တေးမျက်နှာက မာနဘယ်ဘက် ရင်အုံမှာ အခြေတည်နေသလို မာနမျက်နှာကလည်း တေးရဲ့ လည်ပင်းသားလေးတွေထံ နစ်မြုပ်လျက်။မာန စကားမှားခဲ့ပြီ။

သို့ပေမဲ့ မာန ဘာတွေပဲပြောနေပါစေ၊ ဘယ်လိုပဲ ပွေ့ဖက်နေပါစေ ရင်ခွင်ထဲက တေးကိုယ်လေးက လှုပ်ရှားမှုနတ္ထိနှင့် တောင့်ခဲလျက်။ထို့အတူ တေး နှုတ်ခမ်းလေးတွေဆီမှလည်း စကားလုံးတစ်လုံးတောင် ထွက်ကျမလာ။ထိုအစား မာနရင်ဘတ်ဆီပူးကပ်နေတဲ့ မျက်တောင်ဖျားလေးတွေမှ ခပ်စူးစူး အထိအတွေ့တစ်ခုကိုသာရ၏။ထို မျက်တောင်ဖျားလေးတွေကပါ ပုတ်ခတ်မှုကင်းမဲ့လာသောအခါ မာန တစ်စုံတစ်ရာကို စိုးရိမ်လာခဲ့တော့သည်။

တေးခန္ဓာကိုယ်လေးကို မာန ပခုံးနှစ်ဖက်မှ ခပ်ဖွဖွကိုင်၍ ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီး မျက်နှာချင်းဆိုင်အဖြစ်ယူလိုက်သောအခါ…

"နောက်မခေါ်ဘူး စိတ်ချ"

ဟာ!မဟုတ်....လုံးဝမဟုတ်ဘူး!

အရည်ကြည်တွေရစ်သိုင်းနေပေမဲ့ မျက်ရည်ဥတွေအဖြစ်ထိ အရောက်မခံသည်က လည်ပင်းကြောထောင်ထောင်တွေ ၊ လက်သီးဆုပ်တင်းတင်းတွေနဲ့ ပြတ်ထွက်လုနီးပါးဖိကိုက်ထားတဲ့ အောက်နှုတ်ခမ်းရဲရဲလေးကြောင့်ဆိုတာ မာနရိပ်စားမိပါသည်။

KONWhere stories live. Discover now