ဘဝမှာ မည်သည့်ခံစားချက်မဆို မျက်တောင်တစ်ချက်မခတ်ဘဲ ကျော်လွှားနိုင်ခဲ့ပေမဲ့ အခုချိန်ဖြစ်ပေါ်နေတဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းရင်ခုန် သံတွေကိုတော့ မာန ဘယ်လိုမှမျက်ကွယ်မပြုနိုင်။
"လိုက်လျောပေးမယ်မဟုတ်လား မောင်"
တင်းတင်းကျပ်ကျပ်ဖြစ်သွားတဲ့ လက်သီးဆုပ်တွေ၊ နှုတ်ကနေဖွင့်ဟ မအော်ဖြစ်သော်ငြား စိတ်ထဲမှာ ကြိမ်နှုန်းအမြင့်ဆုံးနဲ့ အော်ဟစ် လက်ခမောင်းခတ်လိုက်တဲ့ ကြုံးဝါးသံတွေ။တကယ်ပါ နှလုံးသားတစ်ခုလုံး ပေါက်ထွက်တော့မည့် အခြေအနေနီးနီးပဲ။
သို့သော်ငြား မာနမှာ ဝေခွဲမရခြင်းတို့က တစ်ဝက်။သံပတ်ပေးလိုက်သလို တိခနဲရပ်တန့်သွားသည့် ခြေလှမ်းတွေကြောင့် ခပ်ပြန့်ပြန့်ကျောပြင်ကျယ်ကြီးကိုကြည့်၍ တေး အောက်နှုတ်ခမ်းလေးကို ကိုက်ကာ မျက်တောင်လေးတွေကို တဖျတ်ဖျတ်ခတ်နေမိသည်။တမင် ရည်ရွယ်တာမျိုးမဟုတ်ပါဘဲ ထွက်သွားသူကို အလောတကြီးတားဖို့ရန် ခေါ်ဆိုလိုက်တော့ ကိုယ့်နှုတ်ကနေ ကမှန်းကတမ်း ထွက်ကျလာသည့် နာမ်စားလေးက! မောင် !တဲ့လေ။
စကားလုံးလေးတစ်လုံးပင် ဖြစ်သော်ငြား၊ကမှန်းကတမ်းခေါ်လိုက်တာ မှန်သော်ငြား အခက်အခဲမရှိ ရှောရှောရှူရှူ ထွက်ကျလာမှုကြောင့် တေး pajamasအင်္ကျီရဲ့ အောက်ခြေအနားစလေးကို ကျစ်ကျစ်ကိုင်၍ တွန့်ချေကာ ပြောင်ချောနေတဲ့ကြမ်းပြင်အား မရမှန်းသိသော်လည်း ခြေချောင်းတွေဖြင့် အသည်းအသန်ကုပ်လိုက်မိတော့သည်။
ထိုစဉ်မှာပင် တေးရှိရာဘက် တဖြည်းဖြည်းလှည့်လာသူ ပြောလာသည့် စကားသည်ကား….
"စိတ်ရင်းအမှန် ဟုတ်ရဲ့လား တေး"
တေးလက်ဖျားလေးတွေ တုန်ယင်ကုန်ကာ မျက်လုံးတို့မှာ မယုံနိုင်ခြင်းအရိပ်တွေ ကြီးစိုးကုန်လေသည်။သူ….သူ ဘယ်လိုအဓိပ္ပာယ်နဲ့ မေးလိုက်တာလဲ။ စိတ်ရင်းအမှန်၊အဲတာက ဘာကိုဆိုလို…..မဟုတ်မှ။
ထိုစဉ် တေးနဲ့ ခြေလှမ်းအနည်းသာ ကွာတော့သော မာနရဲ့ မျက်လုံးတွေနဲ့ဆုံလိုက်မိသောအခါ-----
"မင်းပြောတဲ့ကိစ္စကို လိုက်လျောအောင် မောင့်ကို သက်သက်….တေး! ဟာ.....မဟုတ်ဘူး"
Part.30. 🚨🚨🚨
Start from the beginning
