"သူ့ကို ပြောခဲ့သားပဲ"
ထိုစဉ်----
"Hey!everybody hand up! Let's start! Du... Du...Du"
DJမိန်းကလေး၏ ဆော်ဩသံကြောင့် အားလုံး၏ အာရုံက satgeဆီ ရောက်သွားကြစဉ် မြူးမြူးကြွကြွထွက်ပေါ်လာသည့် beatသံကြောင့် dancing floorတစ်ခုလုံး အုံးကျွက်သွားလေတော့သည်။
ပြိုးပြိုးပြက်ပြက် မီးရောင်စုံတွေက dancing floorဆီသာမက မာနတို့ထိုင်နေတဲ့ ဝိုင်းဆီထိ ကွန့်မြူးလာသောအခါ မီးရောင်တွေအောက်ရှိ လှုပ်ရှားသက်ဝင်နေမှုတွေ၊ခပ်မြူးမြူး beatသံတွေ၊တလက်လက် မီးရောင်တွေက ယမကာ၏အရသာကို ပိုပြီးပြည့်စုံအောင် ပံ့ပိုးလာသလိုရှိသည်။ တစ်ပြိုင်နက် သောက်သုံးနေသူတို့၏ စံချိန်တွေကိုလည်း တရိပ်ရိပ်တိုးလာ စေတော့၏။
နာရီအတော် ကြာမြင့်ပြီးနောက် ရေချိန်လည်း အတော်ကိုက်လာကြသောအခါ.....
"ငါတို့ အလောင်းအစားတစ်ခု လုပ်ကြမလား"
မှူးခန့်ပိုင်က မျက်ခုံးပင့်၍ စိန်ခေါ်သလိုပြောလိုက်သော်ငြား ကျန်တဲ့သုံးယောက်က ဘာစကားပြန်မှ ပေးမလာ။သို့သော်ငြား စိတ်ဝင်စားမှုရှိနေကြောင်း ခပ်စူးစူး မျက်လုံးတွေက သက်သေပြနေ၏။
"ဘာကြေးလဲ"
ဘယ်သူမှ ငြင်းမည်မဟုတ်မှန်း မှူးခန့်ပိုင် အတပ်သိပါသည်။ လောင်းကြေးကိုသာ စိတ်ဝင်စားကြတာ ကစားနည်းကို ဘယ်ကောင်မှ ဂရုစိုက်လိမ့်မည်မဟုတ်။ဘာလို့ဆို သူတို့တွေက ခုလိုရေချိန်ကိုက်ချိန်ဆို အလောင်းအစားတစ်ခုမဟုတ်တစ်ခု လုပ်တတ်ကြစမြဲ။အရင်ကတော့ ကားမောင်းပြိုင်ကြတာမျိုးပေါ့။ဒါပေမဲ့ ခုတော့ အသစ်အဆန်းကစားနည်းလေး လောင်းကြရင်ကောင်းမလား။
"မနက်ဖြန် လာအပ်သမျှအလုပ် ဒိုင်ခံလုပ်ကြေး"
ထင်ထားတာက တခြားတန်ဖိုးကြီးလောင်းကြေးတွေပေါ့။ခုလို အလုပ်ပုံထဲခေါင်းစိုက်နေရမည့် ကိစ္စဆိုတော့ အနည်းငယ် အင်တင်တင်ဖြစ်သွား သည်။သို့ပေမဲ့ ဝင်မပြိုင်ရဲတဲ့ကောင်က သွေးကြောင်တဲ့ကောင်ပဲဟူသော သတ်မှတ်ချက်ကရှိနေတော့ ဘယ်သူမှ ခေါင်းမရှောင်ကြ။
Part.27. 🚨🚨🚨
Start from the beginning
