"မရှိသေးလို့ မင်း ဒီစကားပြောတာပါ။အမျှင်တန်းလေးသာ ရှိကြည့်ပါ့လား ဇွတ်ကြိုက်သွားလိမ့်မယ်။ဟုတ်တယ်မလား မာန"
ခန့်ထည်က သူနဲ့တစ်ဂိုဏ်းတည်းသားဟု ယူဆထားသော မာနကို အဖော်ညှိလိုက်သောအခါ...
"ငါနဲ့ ဘာဆိုင်လဲ"
ယမကာ အသောက်မပျက်ဘဲ မျက်မှောင်ကြုတ်ကြီးနဲ့ ပြောလာတဲ့ မာန စကားကြောင့် ခန့်ထည်ခမျာ နင်တောင်သွားရသည်။ဒီပုံတိုင်းဆို အာရုံရနေပြီ။ဘူးခံငြင်းမယ့်အကွက်တွေ လာတော့မှာ။
"မဆိုင်ဘူး ဟုတ်တာပေါ့၊ ကလဲ့စားချေဖို့ လက်ထပ်တယ်ဆိုပြီး လူကြားထဲ နမ်းပစ်တာတို့၊သူများက အသားလေးလာထိတာနဲ့ ဆွဲထိုးရုံမက သတ်ပစ်ဖို့ထိ ကြုံးဝါးတာတို့လုပ်တဲ့ကောင်နဲ့ မဆိုင်ပါဘူး"
ခန့်ထည် တမင်ကို ရွဲ့ပြောလိုက်တာဖြစ်သည်။ပြောနေတဲ့ပုံက မသိရင် သူကပဲ အမျှင်အတန်းမရှိတဲ့လူလိုလို။ဒင်း ဒီလောက် အမျှင်တွေမှာ ငြိတွယ်နေတာ အသိသာကြီးကို၊ ဖင်ပိတ်ငြင်းချင်တဲ့ကောင်။
"ကြည့်ထား ခန့်ထည်၊ မာနတောင် ဝန်မခံဘူး၊ အမျှင်အတန်းရှိရတာ ကောင်းသလားမကောင်းသလားဆိုတာ၊ ဒါနဲ့မေးကြည့်လိုက်ပါအုံး ကလပ် ကိုလာဖို့တောင် အရင်လို လွတ်လပ်ပါသေးရဲ့လားလို့"
စက်နေက သူ့ဂွင်ရောက်သွားပြီမို့ ဝင်ဖဲ့တော့၏။ဘယ်အကြောင်းအရာကနေ စကားဦးသန်းသန်း နောက်ဆုံး ဘူတာက မာနဆီချည်းပဲဖြစ်နေသည်။
"မင်းတို့ကောင်တွေ ယောက်ျားဆို စကားကိုတဲ့တိုးပြော၊ အာရုံလာမစားကြနဲ့။ မင်းတို့အဖေ မင်းတို့ရှေ့ရောက်နေပြီပဲမလား"
"ဘလိုင်းကြီး ဒေါသတွေထွက်နေပါ့လား။ဘာလဲ ခွင့်ပြုချက်တွေ ဘာတွေတောင်းခဲ့ရသေးလို့လား"
ဘယ်လို …. ခွင့်ပြုချက်။
ဒီကောင်တွေ တော်တော်အာချောင်နေတာပဲ။
"နေပါအုံး ... မင်း ဒီကိုလာတာ အစ်ကိုပျိုးကို မပြောခဲ့ဘူးလို့တော့ လာမပြောနဲ့နော်"
မှူးခန့်က မာနကို မသက်ာသလိုကြည့်ကာ ပြောလာသဖြင့် မာန မျက်ခုံးတွေတောင် တွန့်သွားရသည်။
Part.27. 🚨🚨🚨
Start from the beginning
