ပြီးတော့ စိမ်းလဲ့ကြည်ဖြူဆိုတဲ့တစ်ယောက်ကလည်း သတိုးထွဋ်ခေါင်ကို ဆို အရှင်ရရ အသေရရ လိုချင်နေသည့်အမျိုးပင်။
"ကဲ ထမင်းစားကြမယ်ကွာ လာအားလုံးတူတူစားကြမယ်"
"ဒယ်ဒီ ကျွန်တော်သွားစရာရှိလို့ မစားတော့ဘူး"
"သွားစရာရှိတာ နောက်မှ သွား လူစုံတုန်း တ်ခါတည်း ဝင်စားသွား"
ဒယ်ဒီက လေသံတည်တည် နဲ့ပြောလာတော့ သတိုးလည်း ပြီးပြီးရော ဆိုပြီး တခါတည်းဝင်စားလိုက်သည်။
ထမင်းစားပြီးတော့လည်း မပြီးသေးပါ၊ဧည့်ခန်းထဲက စကားဝိုင်းမှာ ဝင်ပါရသေးသည်။
"သား သတိုးတောင် အရွယ်တစ်ခုရောက်နေပြီကွာ...အိမ်ထောင်ပြုဖို့စိတ်ကူးလေးဘာလေးမရှိဘူးလား"
ဦးအာကာ က သတိုးကို မေးသလိုလိုနဲ့ ဒယ်ဒီဖက်ကို ကြည့်ကာပြောနေသည်။
"အိမ်ထောင်ပြုဖို့ မပြောနဲ့ ခုထက်ထိ ချစ်သူ မယ်မယ်ရရကို မရှိသေးတာ"
"ဟောဗျာ သတိုးထွဋ်ခေါင်လို ဥစ္စာပေါ ရုပ်ချောက ဖြစ်နိုင်ပါ့မလား"
"ဟားဟား သူ့ကိုသာမေးကြည့်တော့"
"ကိုကို့မှာ ခုလက်ရှိကောင်မလေးမရှိတာ စိမ်းလဲ့သိတယ် ကိုကိုက ခုတလော အရမ်းလိမ္မာနေတာတဲ့"
ဒယ်ဒီနဲ့ ဦးအာကာ စကားပြောနေရင်း စိမ်းလဲ့ကြည်ဖြူက ပါဝင်ပြေလာသည်။သူ့ကို သတိုးက တကယ်ညီမလိုပဲ သဘောထားသည်။ငယ်ငယ် က သတိုးတို့ မန္တလေးမှာနေခဲ့တော့ အိမ်နီးချင်း သတိုးကလည်း တစ်ဦးတည်းသောသား သူလည်းတစ်ဦးတည်းသောသမီးဆိုတော့ မောင်နှမ လိုပဲ ဖြစ်သည်။ဒါကိုကြီးလာတော့ စိမ်းလဲ့က စိတ်တွေပြောင်းလာခဲ့သည်။
"မရှိတာမဟုတ်ဘူး ရှိတယ် အဖြေပြန်ပေးဖို့ စောင့်နေတာ"
သတိုး အမြင်ကပ်ကပ်နဲ့ ဒဲ့တိုးဖြေချလိုက်သည်။စိမ်းလဲ့ က ဒါကိုကြားတော့ မျက်နှာကို အနည်းငယ်ပျက်သွားပြီး မသိသလိုပြန်နေလေရဲ့။
ဦးအာကာနဲ့ ဒယ်ဒီပါ မျက်နှာ ပျက်သွားတာကို သတိုးသိသားပဲ။ဒယ်ဒီကလည်း သတိုးအကြောင်းကိုသိပါသည်။သတိုးလက်မခံပဲလုပ်ရင် သတိုးပွဲရှာမှာသိတော့ စိမ်းလဲ့ကြည်ဖြူနဲ့ကိစ္စကို စကားပင်မဟပါ။ဒါတောင် မိန်းကလေးရှင်ဘက်က စကားဟချင်လာသေးသည်။
Part 11
Start from the beginning
