အက္ခရာ မနက်နိုးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အောက်ကို ဆင်းခဲ့လိုက်သည်။
"သမီး သွားတော့မှာလား Breakfastစားသွားအုံးလေ"
"ဟုတ်မစားတော့ဘူး မေမေ..ရာရာနောက်ကျနေပြီမလို့"
"သမီး ဖေဖေတို့ လိုက်ပို့ပေးရမလား"
"ရပြီ ဖေဖေ ရာရာ့ သူငယ်ချင်းလာကြိုမှာမလို့...ခုအပြင်မှာရောက်နေပြီ"
တကယ်တော့ အကို လာခေါ်ပေးမှာပါ။
"အေအေ ဂရုစိုက်သွား ဟိုရောက်ရင် ဖုန်းခေါ်အုံးနော်"
"ဟုတ် ကဲ့မေမေ"
ရာရာ လည်းနောက်ကျနေပြီမလို့ ဖေဖေနဲ့မေမေ့ကိုနှုတ်ဆက်ပြီး ခြံပြင်ကိုထွက်ခဲ့လိုက်သည်။7နာရီထွက်မှာကို ခုတောင် 7နာရီထိုးနေပြီဖြစ်သည်။
ရာရာ ကားနားရောက်တော့ အကိုက ကားပေါ်က ဆင်းပြီး ရာရာ့ ပစ္စည်းတွေကို ကားထဲကူတင်ပေးသည်။ပစ္စည်းတင်ပြီးတာနဲ့ ရာရာတို့ နှစ်ယောက်လုံး ကားပေါ်တတ်လိုက်ပြသည်။
"ရာရာ မနက်စာ ဘာမှမစားရသေးဘူးမလား
ဒီမှာ ကိုယ်ရာရာ့အတွက် Sandwich နဲ့coffeeဝယ်လာတယ် မအေးခင်သောက်လိုက်နော်"
အကိုက ပြောပြီး မုန့်ဘူးလေးနဲ့ coffeဗူးလေးကိုရာရာ့ ဘက်ထိုးပေးလာသည်။
"ဟီး...ကျေးဇူးပါနော်"
"လိုလို့လား ဗျ"
"အကိုရော စားအုံးလေ"
"ရာရာ ပဲ ဝအောင်စား ဟုတ်ပြီလား ကိုယ်ကနောက်မှ အေးဆေးစားလို့ရတယ်"
"ဟုတ်"
အက္ခရာ လည်း ဘာမှ ဆက်မပြောတော့ပဲ အစားစားပြီး ကားပေါ်၌ အိပ်၍လိုက်လာခဲ့သည်။ပြခန်းရှေ့ကိုရောက်တော့ အကိုက ရာရာ့ကိုနှိုးပေးသည်။
ရာရာနဲ့ အကိုကားပေါ်က ဆင်းပြီး အကိုကု ရာရာ့ luggageလေးကို ကူဆွဲပေးလာသည်။
တော်သေးတယ်ပဲပြောရမည် မန်နေဂျာမလေးက ရုံးခန်းက ပန်းချီပစ္စည်းတွေကို ကားပေါ်က တင်ထားပေးလို့သာ။မဟုတ်ရင် ရာရာတစ်ယောက်ထဲ ရောက်ယှက်ခတ်နေမှာ။
အကိုက ရာရာ့ကို သွားမယ့် ကားနားထိ လိုက်ပို့ပေးပြီး
"ရာရာ ဟိုရောက်ရင် ရောက်တာနဲ့ ကိုယ့်ကိုဖုန်းဆက်နော် ပြီးတော့ ဂရုစိုက်နော် ဟိုမှာက အေးတယ် အနွေးထည် တူတူဝတ်နော်"
