Part 2

524 7 2
                                        

Unicode

"သတိုးထွဋ်ခေါင်"

သတိုး သူငယ်ချင်းတွေနဲ့ချိန်းထားသဖြင့် အိမ်ပေါ်ထပ်မှ ဆင်းလာစဥ် ဧည့်ခန်းထဲမှနေ၍ ဒယ်ဒီက လှမ်းခေါ်လာသည်။
ဘာပွား အုံးမလဲမသိပါ။

"ပြော"

"မင်းအဖေကို ပြန်ပြောနေတဲ့ လေသံ က ဒီလေသံလား"

"အရင်ကတည်းက ဒီတိုင်းပဲပြောလာတာလေ"

"မင်း...."

"ဒယ်ဒီ ပြောစရာရှိရင်ပြော ကျုပ်အပြင်သွားစရာရှိသေးတယ်"

"အေ မင်းလည်း တစ်နေ့တစ်နေ့ အပြင်သွားမယ် ပျော်ပါးမယ် နဲ့ ဘယ်အချိန် လောက် အလုပ်တွေကို ဝိုင်းကူမယ်လို့စဥ်းစားထားလဲ"

"ဒယ်ဒီ့ အလုပ်တွေကို ကျုပ်စိတ်မဝင်စားဘူးဗျာ"

သတိုး လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခေါင်းပေါင်ကို ဆံပင်ကို အသားဖွပြီး ပြောလိုက်သည်။

"မင်းအခု သုံးဖြုန်းနေတဲ့ ပိုက်ဆံတွေ က အဲ့မင်းစိတ်မဝင်စားတဲ့ ငါ့အလုပ်ကရတဲ့ပိုက်ဆံတွေဆိုတာလည်း မမေ့နဲ့အုံး"

"သိတယ် သုံးမကုန်လို့သုံးဖြုန်းပေးနေတာလေ"

"သတိုးထွဋ်ခေါင်.....မင်း..."

"တော်ပါတော့ ...အကိုရယ်"

ဒယ်ဒီက သတိုးကို ပွားနေတုန်း မာမီက မီးဖိုခန်းထဲမှနေ၍ထွက်လာပြီး ဖြန်ဖြေပေးနေလေရဲ့။
သတိုးဘာလုပ်လုပ် ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့ မာမီရှိတော့ အေးဆေးပဲလေ။

"အေး....မင်းလည်း ငါမင်းရဲ့သားကို ဆုံးမနေရင် အဲ့လို ကာစိ ကာစိ လုပ်နေလိုက် မင်းအဲ့လိုလုပ်ပုံကြောင့် ဒီကောင်က တနေ့တခြားပိုဆိုးသွမ်းနေတာ"

"အကိုကလည်း သားက အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး"

"မင်းတို့ သားအမိ နှစ်ယောက်လိုက်လည်း လိုက်တယ် သားဖြစ်သူ လုပ်ချင်ရာလုပ်လည်း အမေဖြစ်တဲ့သူက တားမယ်မရှိဘူး မင်းတို့ စိတ်ကြိုက်သာလုပ်တော့ ငါမပြောတော့ဘူး မင်းတို့သဘောပဲ"

ဒယ်ဒီက ပြောပြီးတာနဲ့ ပွားပြီးတာနဲ့ အပေါ်ထပ်ပြန်တတ်သွားသည်။

"ကိုယ့်ရဲ့ မူပိုင်အက္ခရာ"Where stories live. Discover now