ညနေလောက်ရောက်တော့ ကလောကိုရောက်သည်။အက္ခရာတို့နေမယ့် hotelမှာ check in ဝင်ပြီးတာနဲ့ အက္ခရာ ပစ္စည်းတွေနေရာ ချပြီးတာနဲ့ အိမ်ကိုရောက်ပြီဖြစ်ကြောင်းဖုန်းဆက်လိုက်သည်။ပြီးတာနဲ့ အကို့ဆီကို ဖုန်းဆက်လိုက်သည်။အကို့ဆီဖုန်းဆက်တာ ဖုန်းက ဝင်ပေမယ့် အကိုက မကိုင်ပါ။ရာရာ လည်း အကိုအလုပ်ရှုပ်နေလို့ မကိုင်တာနေမှာပါ ဆိုပြီး ဆက်မခေါ်တော့ပဲထားလိုက်သည်။

ရာရာ အခန်းပြတင်းပေါက်ကို ဖွင့်ပြီးအပြင်ကိုကြည့်လိုက်တော့ တောင်တန်းတွေပေါ်မှာတိမ်တွေ ထူထပ်နေတာက တကယ်သဘာဝက ပေးတဲ့အလှတရားပင်။ရန်ကုန်မှာလို မွှန်းကြပ်နေတာမျိုးမဟုတ်ပဲ လေကောင်းလေသန့်လေးနဲ့ တကယ်ပဲ စိတ်ကိုလန်းဆန်းစေသည်။

ဒီလိုနေရာမျိုးမှာ ကိုယ်ချစ်ရတဲ့ သူနဲ့အတူတူရှိနေရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

ရာရာ တွေးနေရင်းနဲ့ အတွေးတွေ အကုန်လုံးက အကို့ဆီရောက်သွားခဲ့သည်။ဘာလိုလိုနဲ့ အကိုတောင် ရာရာ့ရဲ့ အတွေးတွေထဲမှာ နေရာ အပြည့်ယူနေပြီ။

.....................................................................

တစ်ဖက်တွင်တော့.....

အက္ခရာလေးကို ပို့ပြီးတာနဲ့ ဒယ်ဒီက လေဆိပ်မှာ စိမ်းလဲ့ကြည်ဖြူတို့သားအဖကို သွားကြိုဖို့ အမိန့်ထုတ်လာသည်။Driverတွေရှိရဲ့သားနဲ့ သူ့ကိုခိုင်းတာ နည်းနည်းတော့ လွန်တယ်မလား။

သို့သော် မငြင်းချင်တော့တာနဲ့ သွားကြိုပေးလိုက်သည်။ပြီးတော့ သားအဖ နှစ်ယောက်လုံးကို အိမ်မှာပဲ တည်းဖို့ ဒယ်ဒီက ပြောတော့ နှစ်ယောက်လုံး ဒီမှာနေမယ့် ၃ရက်လုံးကို အိမ်မှာပဲ တည်းမယ်တဲ့လေ။

သတိုး သူတို့သားအဖကို ကြိုပြီးတာနဲ့အိမ်ကို မောင်းခဲ့လိုက်သည်။

"ဟော ကိုအာကာတို့ရောက်ပြီပေါ့"

"ရောက်ပြီကွာ"

"ကဲတခါတည်းနေ့လယ်စာ စားလိုက်ကြတော့လေ ဒီမှာ မင်းတို့ရဲ့ မရီးက ဟင်းကောင်းတွေချက်ထားတယ်"

"ဟုတ်ပြီကွာ တခါတည်းစားကြတာပေါ့"

တကယ်တော့ ဦးရာဇာထွဋ်ခေါင်နဲ့ ဦးအာကာ နဲ့က ငယ်ပေါင်းတွေဖြစ်တဲ့အပြင် စီးပွားဖက်တွေဖြစ်ကြသည်။ခုလည်း အလုပ်ကိစ္စနဲ့ ရန်ကုန်ရောက်နေကြခြင်းဖြစ်သည်။

"ကိုယ့်ရဲ့ မူပိုင်အက္ခရာ"Where stories live. Discover now