"ဟုတ်ပါပြီ...လူကို ကလေးများထင်နေတာလား"

"ကလေးမဟုတ်လို့ ပိုစိတ်ပူရတာပေါ့"

"ဟွန်း"

"ပြီးတော့ အဖြေပေးဖို့လည်း သေချာစဥ်းစားခဲ့နော်"

"အွန်းပါ ခုတော့နောက်ကျနေပြီမလို့သွားတော့မယ်နော် အကိုလည်းကားကိုဖြေးဖြေး မောင်းသွားအုံး"

"ဟုတ်ကဲ့ပါဗျ"

ရာရာ လည်း အကို့ကို​ နှုတ်ဆက်ပြီးတာနဲ့ ကားပေါ်တတ်ခဲ့လိုက်သည်။

ရာရာတို့နှစ်ယောက် စကားပြောနေတာကို တစ်စုံတစ်ယောက်ကတော့ မသိမသာလေးနဲ့ နားစွင့်နေလေရဲ့။

.....................................................................

သုခ တို့ ရန်ကုန်ကနေ မနက်ကတည်းက ထွက်လာပြီးနေ့လယ်ရောက်တော့ လမ်းမှာ ထမင်းစားနားကြသည်။

"အက္ခရာ အတွက် ကိုယ်ဘာမှာပေးရမလဲ"

"ဟို ရတယ် အက္ခရာ မှာပြီးသွားပြီ"

"အော် ဟုတ်ပြီ"

သုခလည်း သူစားဖို့အတွက် ထမင်းနဲ့ဟင်းမှာလိုက်ပြီး တဝိုင်းထဲတူတူစားဖြစ်ခဲ့ကြသည်။

"အက္ခရာ"

"ဟုတ်"

"ကိုယ် တစ်ခုလောက်မေးလို့ရမလား"

"ဟုတ်ကဲ့ မေးလေ"

"အက္ခရာနဲ့ သတိုးထွဋ်ခေါင်က ချစ်သူတွေလား"

အက္ခရာ ခနတော့ ကြောင်မိသွားသည်။ကိုသုခက ဘာလို့ ဒီလိုမေးတာလဲပေါ့။

"ဟို အက္ခရာဖြေဖို့ အဆင်မပြေရင် မဖြေလည်းရပါတယ်"

"အော် ကိုသတိုးထွဋ်ခေါင်နဲ့ အက္ခရာက ချစ်သူတွေမဟုတ်ပါဘူး"

"အော်"

ဟုတ်သည်လေ။အက္ခရာက အကို့ကို အဖြေမပေးရသေးတော့ ချစ်သူတွေမှ မဟုတ်သေးတာ။

"ဘာဖြစ်လို့လဲ ကိုကြီးသုခ"

"ဘာမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ"

"အော် ဟုတ်ကဲ့"

အက္ခရာတို့လည်း ဒီလောက်နဲ့ စကားဖြတ်လိုက်ပြီး စားစရာရှိတာစားပြီး ကားပေါ်တတ်ကာခရီးဆက်ခဲ့ကြသည်။

"ကိုယ့်ရဲ့ မူပိုင်အက္ခရာ"Where stories live. Discover now