Kris '' ကြည့်ရတာ ဆန်ပြုတ်ဆိုလို့ စိတ်ပျက်သွားပုံပဲ စားကြည့်ပါဦး ကြိုက်သွားမှာ ကျွန်တော်လဲ အစကအဲလိုပဲ ''

Tao '' Nae ''
Tao လဲ အစက မစားမလို့ပါပဲ ဒါပေမယ့် သူစားတာကို စောင့်ကြည့်နေတဲ့ Kris ကြောင့် အားနာပါးနာ တစ်ဇွန်းခပ်စားလိုက်တယ်။ စားကြည့်တော့လဲ အရသာက မဆိုးပါဘူး စားလို့တော့ကောင်းသား။ ဆန်ပြုတ်ဆို လူမမာစာဆိုပီး ထင်ထားတာ ခု ဆန်ပြုတ်က တော့ အရသာကောင်းသလို တစ်ဇွန်းခပ် သောက်လိုက်ရုံနဲ့ ရင်ထဲမှာ နွေးခနဲ

Tao စားပီး သဘောကျသွားတာတွေ့တော့ Kris က ပြုံးပီး ဆက်စားနေတယ်။ပီးတော့

Kris '' ကျွန်တော်တို့အဖွဲ့ debut မလုပ်ခင်မှာ အခက်အခဲတွေအများကြီး ကြုံခဲ့ရတယ်။ကျွန်တော် စိတ်ဓာတ်ကျတဲ့အချိန် တိုင်း ဒီကို လာဖြစ်တယ်။ဆန်ပြုတ်ပူပူလေး
က Omma ရင်ခွင်လို နွေးထွေးစေတယ်လေ ''

Tao '' အော် ဒါကြောင့် ဒီက arjima နဲ့ ရင်းနှီးနေတာကိုး ဒီနေ့ စိတ်ဓာတ်ကျစရာရှိလို့ လား ''

Kris '' Arnyi ကျွန်တော်က arjima ကိုပြောဖူးတယ် ကျွန်တော့်မှာချစ်တဲ့သူရှိလာခဲ့ ရင် သူ့နဲ့ ဒီဆိုင်ကို တူတူလာမယ်လို့လေ ''

Tao ခမျာ မျိုချလိုက်တဲ့ ဆန်ပြုတ်တောင် ပြန်ထွက်ချင်သွားတယ်။ Kris ကို အလန့်တကြားကြည့်တော့ ထူထဲတဲ့ မျက်ခုံးတွေအောက်ကနေ ညို့အားပြင်း တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေလေရဲ့။ Tao မှာတော့ ရှက်ရှက်နဲ့ ယောင်ယောင်မှားမှား စားပွဲပေါ်က ရေခွက် မော့သောက်လိုက်ကာမှ ရေတွေက ပါးစပ်နဲ့လွဲကာ အကျီပေါ် မှောက်ကျ ကုန်တယ်။

Kris '' Tao ya Gwinchana ?? ''

Kris လဲ စိုးရီမ်စိတ်နဲ့ Tao ဆီထသွားကာ တစ်ရှုးနဲ့သုပ်ပေးမိတယ်။

Tao '' ရ . . .ရပါတယ် Kris shi ''

Tao လဲ Kris ကို အားနာလို့ မလုပ်ဖို့ ခေါင်းငုံ့ပီးပြောနေတုန်း Kris ကလဲ ရေသုတ်ပေးနေရင်းက မော့ကြည့်လိုက်တော့ သူတို့၂ယောက်လုံး မျက်နှာတွေက အနီးဆုံး အနေအထားမှာ တွေ့လိုက်ရတော့ ၂ယောက်လုံးရဲ့ရင်ခုန်သံတွေကလဲ ဝုန်းဒိုင်းကြဲ။
Kris ရဲ့ အကြည့်တွေက Tao ရဲ့ နှုတ်ခမ်းနီနီ လေးတွေကို ရောက်သွားချိန်မှာ တော့ . . . . . . .

Poisonous LoveWhere stories live. Discover now