"ပတ်ဂွန်းနု! ငါ့ကိုမစစမ်းနဲ့"
သူ့သူငယ်ချင်းဖြစ်သူနဲ့ ထွက်သွားတဲ့ ပုံရိပ်ကလေးကိုလှည့်ကြည့်ရင်း ဂယူဗင်းဟာပြုံးလိုက်မိတယ်။
"မင်းရဲ့ ရှန်ချွမ်းရွေ့ကလည်း သူ့နည်းသူ့ဟန်နဲ့တော့ နာမည်ကြီးသားပဲ"
"ငါထင်သလောက်တော့ ချွမ်းရွေ့က အဲ့ကောင်လေးကိုငြင်းမယ်ထင်တယ်"
"မင်းဘယ်လိုသိတာလဲ"
"ဒီလိုပဲလေ တရုတ်ကလေးက ငါ့အပေါ်မှာကျရှုံးနေတဲ့ဟာ အခြားလူကိုသူပြန်ကြိုက်မှာမဟုတ်ဘူး"
သူ့စကားကြားတော့ ယူဆွန်အွန်းက မျက်နှာကြီးရှုံ့မဲ့ကာ 'အရူး' ဟုမှတ်ချက်ပြုသည်။
တရုတ်ကလေး ချွမ်းရွေ့ကအကြောတင်းလေးတော့ဖြစ်ပုံရတယ်။ညက ဂျီအွန်းဟျောင်းဖုန်းသိမ်းသွားတာကြောင့် စာမပြန်လိုက်နိုင်လို့ ခုမှစာပြန်မယ်ဆိုပြီး၀င်ကြည့်တော့ ပို့ထားတဲ့စာကိုပြန်ဖျက်ထားသည်လေ။ဂယူဗင်း အဲ့တော့ဘာစာမှမပြန်တော့ဘဲ မသိချင်ယောင်ဆောင်ပြီးသာနေနေလိုက်တော့သည်။
ချွမ်းရွေ့ ခုတော့ဂွန်းနုနဲ့အတူတူ ဂယူဗင်းတို့ ကျောင်းဆောင်ရှိရာဘက်ကိုရောက်နေခဲ့သည်။ဒီတစ်ခေါက်တော့ ဂယူဗင်းကိုကြည့်ရန်လာတာမဟုတ်။ခုနက သူ့ကိုမုန့်လာပေးသွားတဲ့ကောင်လေးရဲ့ အတန်းကိုလာခြင်းပင်။ကိုယ့်ဘက်ကပြန်ကြိုက်နိုင်ပဲနဲ့ အခြားလူတစ်ယောက်ပေးတဲ့မုန့်ကိုတော့ ချွမ်းရွေ့လိပ်ပြာလုံစွာနဲ့အလကားမစားချင်။
မားမားကလည်း သူများအလကားပေးတာတွေ မစားရဘူးလို့မှာထားဖူးတယ်။
"ကိုကို ကျွန်တော့်ဆီကိုလာတာလား"
သူ့ကိုမြင်တော့ အတန်းရဲ့ကော်ရိုက်တာရှေ့ကိုကောင်လေးက ၀မ်းသာအားရပြေးထွက်လာသည်။ချွမ်းရွေ့ထိုကောင်လေးကိုကြည့်ပြီး အနည်းငယ်အားနာသလိုဖြစ်မိပေမယ့်လည်း မပြောလို့မဖြစ်တာမို့ပြောမှတော့ရမည်။
"အစ်ကိုမှာစိတ်၀င်စားနေတဲ့လူရှိတယ် အဲ့တာကြောင့် ဒီမုန့်တွေကိုလက်မခံပါ့ရစေနဲ့"
သူ့စကားကြောင့် ထိုကောင်လေးက မျက်မနှာပျက်သွားတယ်။
"ကိုကို့ကိုပေးပြီးသားမို့ ပြန်မယူချင်ဘူး"
YOU ARE READING
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
Move on ဖို့ကြိုးစားခြင်း ♡˖ ∘˚
Start from the beginning
