စိတ်ရှုပ်လွန်းလို့ ချွမ်းရွေ့ဘာလုပ်ရမလဲ မသိတော့ပါ။သင်္ချာတွက်ရတာတောင် အဲ့လောက်ထိဦးနှောက်ကို အလုပ်မပေးရပေမယ့် ကင်ဂယူဗင်းကို ဘယ်လိုစကားသွားစရမလဲဆိုပြီး တွေးနေရတာက သူ့ကိုတစ်နေ့ထက်တစ်နေ့ ဆံပင်ဖြူလာစေသလို ခံစားရသည်။ဒါပေမယ့် ဒီညတော့သူပြောဖြစ်အောင်ကို ပြောရမည်။စဉ်းစားမိသမျှအကြံတွေကိုထုတ်ရင်း နောက်ဆုံးမှာ၀င်ရောက်လာတဲ့ အတွေးက....
ဟုတ်သားပဲ....သူ့မေ့နေခဲ့တာ ဒီလောက်တိုးတတ်နေတဲ့ ခေတ်ကြီးမှာ Aiတွေကိုအားကိုးလို့ရနေခဲ့တာပဲ။Ai appတစ်ခုထဲကိုအမြန်၀င်လိုက်ပြီး စာရိုက်ပို့လိုက်သည်။
*Crush ကိုဘယ်လိုစကားစပြောသင့်သလဲ*
သူမေးလိုက်ပြီးမကြာလိုက် တစ်ဖက်ကAiက စာပြန်ပို့လာခဲ့သည်။
*သင့်ရဲ့ crushကို သွားရောက်မိတ်ဆက်ပြီး သူဝါသနာပါရာတွေကို မေးမြန်းခြင်းဖြင့် သင်တို့ရဲ့ ရင်းနှီးမှုဆက်ဆံရေးကို တိုးတက်လာစေပါလိမ့်မယ်*
မိတ်ဆက်ပြီး ဝါသနာတွေမေးရအောင် ချွမ်းရွေ့က လိုင်းပေါ်ကစကားပြောမှာလေ။အပြင်မှာသွားပြောမှာမှမဟုတ်တာ။
*ငါကအွန်လိုင်းပေါ်ကနေ စကားပြောမှာ...အပြင်မှာမဟုတ်ဘူး*
* အွန်လိုင်းပေါ်ကနေစကားပြောတာဆိုရင်တော့ ကျွန်ပ်တို့အနေနဲ့သင့်အတွက် အသင့်တော်ဆုံး စကားပြောနည်းတွေကိုမျှဝေပေးချင်ပါတယ်။
1.သင့် crushကို ထမင်းစားပြီးပြီလားဟု သွားရောက်မေးမြန်းခြင်းက ကောင်းမွန်သော မိတ်ဖွဲ့နည်းတစ်မျိုးပါပင်။
2.သူ့ရဲ့ရုပ်ရည်ချောမောမှုကို သွားရောက်ချီးကျူးပြီး မိတ်ဖွဲ့ခြင်းဟာလည်း သင်တို့ကို ပိုမိုရင်းနှီးလာနိုင်စေပါတယ်။
3.သင့် သဘောကျသူ၏အကောင့်ထဲတွင်တင်ထားသော အကြောင်းအရာတစ်ခုခုကို သွားရောက်မေးမြန်းခြင်းသည်လည်း အသုံး၀င်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ကျွန်ုပ်တို့ရွေးချယ်ပေးထားသောအချက်များထဲတွင် သင့်နှစ်သက်ရာကိုရွေးချယ်ပြီး လုပ်ဆောင်နိုင်ပါတယ်*
YOU ARE READING
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
