Move on ဖို့ကြိုးစားခြင်း ♡⁠˖ ∘⁠˚

Start from the beginning
                                        

"တကယ်မယူပါရစေနဲ့....ပြန်ယူပါ"

"မရဘူး ကိုကို့ကိုကြည့်ရတာ အားနည်းနေသလိုပုံစံလေးမို့လို့ စားစေချင်လို့ပေးတာယူရမယ်နော်"

"မဟုတ်...."

အတင်းထိုးပေးပြီး ထွက်ပြေးသွားတဲ့ကောင်လေးကြောင့် ချွမ်းရွေ့မှာမုန့်အိတ်ကြီးကိုင်ကာ ငူငူငိုင်ငိုင်နဲ့ကျန်ခဲ့ရတယ်။ကင်ဂယူဗင်းကို ရင်ခုန်နေတာလေးတောင်ဘယ်ရောက်သွားမှန်းမသိ။ပတ်ဂွန်းနုရဲ့ ရယ်သံကြီးကြားမှဘဲ အသိပြန်၀င်တော့တယ်။

"ခွီး! ရှန်ချွမ်းရွေ့ မင်းတော့ချိန်တာတစ်ခြား ထိတာ တစ်ခြားဖြစ်ကုန်ပြီနော်.ဆန်းတွေ ကံတွေပွင့်ကုန်ပြီထင်တယ်"

"မရယ်နဲ့...ငါဘယ်လိုလုပ်ရမလဲ ဒါကို"

"ဘာလုပ်မှာလဲ ယူထားလိုက်လေကွာ စားလို့ရတယ်"

"သူများပေးတာကြီး ငါလည်းပြန်မကြိုက်နိုင်ဘဲ အလကားတော့မယူချင်ပါဘူး"

ချွမ်းရွေ့ကတစ်ဖက်သတ်ချစ်ဖူးတဲ့အတွေ့ကြုံတွေရှိတာမို့ အဲ့လိုခံစားချက်တွေကို သူနားလည်သည်။တစ်ဖက်ကိုမျှော်လင့်ချက်တွေပေးပြီး ကြိုးရှည်ရှည်နဲ့လှန်ထားတာမျိုးတွေလည်း မလုပ်ချင်။သူကိုယ်တိုင်အရင်ကခံစားခဲ့ဖူးတာမို့ ကိုယ်ချင်းစာမိတာတော့တကယ်ပင်။

"ဟိုမှာ ကင်ဂယူဗင်း လာနေပြီ"

သူ့အတွေးစတို့က ဂွန်းနုရဲ့စကားကြောင့်ပြတ်တောက်သွားပြီး နှလုံးခုန်နှုန်းကမြန်လာသည်။သူ့(ဂယူဗင်း)သူငယ်ချင်းဖြစ်သူနဲ့အတူစကားပြောကာ အနားကဖြတ်သွားတဲ့ ဂယူဗင်းက ‌ချွမ်းရွေ့နဲ့တကယ်နီးနီးလေးမှ နီးနီးလေးပင်။ယောကျာ်းဆန်တဲ့‌ရေမွှေးနံ့က သူ့နှာဖျား၀ကိုလာရောက်ပွတ်တိုက်ကျီဆယ်ချိန်မှာ ချွမ်းရွေ့ဟာရင်ဘတ်ထဲ လိပ်ပြာလေးတွေထည့်ထားသလိုမျိုး ခံစားလာရသည်။

"ပြောတော့ မုခ့်အွန်မှာဆို"

"ငါ...ငါ မကြိုက်တော့ဘူးလေ"

"ဟုတ်လို့လား အင်္ဂါဂြိုဟ်ပေါ်ကလှမ်းကြည့်ရင်တောင် ကင်ဂယူဗင်းကိုမင်းကြိုက်နေသေးတာ သိသာနေတဲ့ဟာ"

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

I Don't Like You Anymore ~~Where stories live. Discover now