"ဟိုလေ....ကိုကို"
ကင်ဂယူဗင်း သူတို့နားမရောက်လာခင် ရုတ်တရက်ကြီး သူတို့ရှေ့ကိုပိတ်ရပ်လိုက်တဲ့ ကောင်လေးတစ်ယောက်ကြောင့် ဂွန်းနုမှာ ချွမ်းရွေ့လက်ကိုကုတ်လိုက်ရတယ်။
"သူ့ကို ခေါ်တာလား"
ဂွန်းနုက ချွမ်းရွေ့ကိုလက်ညိုးထိုးပြတော့ထိုကောင်လေးက ခေါင်းညိမ့်ပြသည်။
"ကိုကို ဒါလေးလက်ခံပေးပါအုံး"
ချွမ်းရွေ့လက်ထဲကိုထိုးထည့်ပေးလာသည့် အထုတ်ထဲမှာ ပေါင်မုန့်ထုတ်အချို့နှင့် သူ့ကြိုက်တဲ့စတော်ဘယ်ရီနို့ဘူးလည်းပါသည်လေ။
"ဘယ်သူပေးခိုင်းတာလဲ ဟင်"
"ကျွန်တော် ကိုကို့ကိုသဘောကျတယ်...အဲ့တာကြောင့် ဒါလေးလက်ခံပေးနော်"
"ဟမ်"
ချွမ်းရွေ့ရော ဂွန်းနုရောတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ဒါက ဘယ်လိုအခြေနေကြီးလဲ။
ထိုကောင်လေးက ချွမ်းရွေ့တို့တစ်နှစ်ငယ်သည့် အထက်တန်းဒုတိယနှစ်က ကလေးမလား။ခုအခြေနေကြီးက အဲ့ကလေးဆီကနေ ဖွင့်ပြောတာခံနေရတာလား။
"ကိုကို့ကို ကျွန်တော်တို့အတန်းရှေ့ကနေ ခဏ,ခဏဖြတ်လျှောက်တာမြင်ပြီး သဘောကျမိသွားတာ"
အဲ့ကောင်လေးအတန်းဆိုတာက ဂယူဗင်းတို့အတန်းဆောင်ရဲ့အောက်ထပ်ကအခန်း။ချွမ်းရွေ့တို့နဲ့က ကျောင်းဆောင်ခြင်းမတူပေမယ့် ဂယူဗင်းကိုနေ့တိုင်းမြင်ချင်စောနဲ့ အကြောင်းမရှိအကြောင်းရှာပြီး အဲ့ကျောင်းဆောင်ကိုသွားမိသည်လေ။ဖွန်ကြောင်ခြင်းရဲ့ အကျိုးဆက်ကခုလိုမျိုး ကိုယ့်ထက်ငယ်တဲ့ညီလေးဆီကနေ ပိုးပန်းတာခံရတာပါပဲ။
အံ့ဩလို့ ဘာစကားမှပြန်မပြောနိုင်တဲ့ချွမ်းရွေ့ကို ဘေးကဂွန်းနုကလက်တို့လိုက်မှဘဲ အသိ၀င်လာသည်။ထိုကောင်လေး အတင်းထိုးပေးထားတဲ့ မုန့်ထုတ်ကြီးက ချွမ်းရွေ့လက်ထဲမှာ။
"ဟို...အစ်ကိုမယူပါရစေနဲ့ အားနာလို့ပါ"
"မရဘူး...ယူပါ ကျွန်တော်ကကျွေးတာလက်ခံပေးပါဆို"
YOU ARE READING
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
Move on ဖို့ကြိုးစားခြင်း ♡˖ ∘˚
Start from the beginning
