"ငါမုခ့်အွန်တော့မှာ မင်းပြောသလို ကင်ဂယူဗင်းကမကောင်းဘူး"
"တကယ်မုခ့်အွန်နိုင်လို့လား"
"အွန်မှာ ပို့ထားတဲ့စာကိုပြန်ဖျက်ပစ်မယ်...ငါ့ကို အလေးမထားတာ ငါ့မှာတော့သူ့ကိုသဘောကျလွန်းလို့ အရဲစွန့်ပြီးစာပို့ထားရတာ"
ဂွန်းနုလက်ထဲက သူ့ဖုန်းကိုဆွဲယူပြီး ချွမ်းရွေ့ကတကယ်ကြီး ပို့ထားတဲ့စာကိုဖျက်ပစ်သည်တဲ့။ကောင်းတော့လည်း ကောင်းပါတယ်။ကင်ဂယူဗင်းအကြောင်းတွေ မကြားချင်မှအဆုံး နားထောင်ပေးနေရတာကနေ ဝဋ်ကျွတ်သွားတာပေါ့။
-
-
နေ့လည်စာခေါင်းလောင်းထိုးလို့ ကျောင်းမုန့်ဈေးတန်းကိုသွားမယ်ဆိုတော့လည်း မလိုက်ဘူးဆိုတဲ့ ရှန်ချွမ်းရွေ့ကို ဂွန်းနုမှာ ဗလအားကိုးနဲ့ ဆွဲခေါ်လာရပြန်သည်။
"ဘာစားမှာလဲ ချွမ်းရွေ့.လူမများလာခင်မြန်မြန်၀ယ်ရအောင်"
"မင်းအဆင်ပြေတာသာ ၀ယ်လိုက်ပါတော့ကွာ...အဲ...နို့စတော်ဘယ်ရီလေးတော့ပါအောင်၀ယ်ပေး"
ဈေးဆိုင်ကအန်တီကြီးကို ကိုယ်တိုင်မှာလည်းရတာကို တစ်ဆင့်ခံနဲ့မှာခိုင်းနေတာကြောင့် ဂွန်းနုမှာမျက်ဖြူလှန်မိသည်။မုန့်၀ယ်ပြီးတော့လည်း ထိုင်မစားဘဲ အတန်းထဲမှာဘဲစားမယ်ဆိုတာကြောင့် အသည်းကွဲနေတဲ့ သူငယ်ချင်းလေးအလိုကို ဂွန်းနုမှာလိုက်ရပြန်သည်။
"သေပြီ...ဂွန်းနု! ဂွန်းနု!"
အတန်းထဲကိုပြန်လာတဲ့လမ်းမှာ သူ့(ဂွန်းနု)အင်္ကျီလက်မောင်းစကို အသည်းသန်လာကိုင်ဆွဲနေတဲ့ချွမ်းရွေ့ကြောင့် ဂွန်းနုကဘာလဲဆိုတဲ့သဘောနဲ့ကြည့်လိုက်ရသည်။
"ဟိုးရှေ့မှာ ဂယူဗင်းကြီးလာနေတယ်...ငါ့ကိုကွယ်ပေးထား"
"ဘာကိစ္စပုန်းနေရတာလဲ တစ်ကျောင်းတည်းတူတူတက်နေတာ ခါတိုင်းလည်းတွေ့နေကြပဲကို"
"မတူဘူး ခုက ညကလေးတင်အချေခံထားရတာကို ကွယ်မှာဖြင့်ကွယ်ထားပေးပြန်မမေးနေနဲ့"
ယုတ္တိမဆန်စွာ ဂွန်းနုကိုယ်လုံးနောက်၀င်ပုန်းတဲ့ ချွမ်းရွေ့ကိုစိတ်လေမိသည်။ဂယူဗင်းလောက်မရှည်ရင်တောင် သူ့(ချွမ်းရွေ့)အရပ်အမောင်းကြီးက ဒီလောက်ထင်းထွက်နေတဲ့ဟာ ဟိုကမမြင်ရှာဘူးဆိုတော့လေ။
YOU ARE READING
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
Move on ဖို့ကြိုးစားခြင်း ♡˖ ∘˚
Start from the beginning
