Move on ဖို့ကြိုးစားခြင်း ♡⁠˖ ∘⁠˚

Start from the beginning
                                        

သေချာပေါက်ကြားသွားခဲ့လျှင်တော့ ဂယူဗင်းမှာ တစ်လစာမုန့်ဖိုးပါအဖြတ်ခံရနိုင်သည်။

∆∆∆∆∆

တနင်္လာနေ့တွေကို ဂွမ်းနုမုန်းတီးပါသည်။ရက်သတ္တပတ်ရဲ့ ပထမဆုံးကျောင်းတက်ရက်ဖြစ်သည့်အပြင် အချစ်ဆုံးသူငယ်ချင်းလေး ရှန်ချွမ်းရွေ့၏နှလုံးသားရေးရာအဖြာဖြာကိုလည်း ထိုင်ပြီးနားထောင်ပေးရသည်။ကိုယ်တိုင်တောင် အပူအပင်တွေများလို့ ရည်းစားမထားပါဘူးဆိုမှ သူများအပူကိုလိုက်ပြီး ဝေမျှခံစားပေးနေရသည်က သိပ်တော့မဟုတ်လှပါချေ။

"အဲ့တော့ move on တော့မယ်ပေါ့ "

ဂွန်းနုအမေးကို စားပွဲခုံပေါ်မှာခေါင်းငိုက်စိုက်ကျလျက်သားဖြစ်နေတဲ့ ရှန်ချွမ်းရွေ့က မော့မလာပါဘဲ ခေါင်းညိမ့်ပြသည်။ဘေးနားက တရားခံဖြစ်တဲ့ဖုန်းကို ဂွန်းနုယူကြည့်လိုက်တော့ တကယ်လည်း တစ်ဖက်ကseenတောင်မပြထားတဲ့ သူ့သူငယ်ချင်းပို့ထားတဲ့ စာလေးတစ်စောင်က အထီးကျန်စွာတည်ရှိနေသည်။

"မဟုတ်တော့မဟုတ်သေးပါဘူး ငါသိသလောက် ဂယူဗင်းက သူ့ကိုစာပို့တဲ့လူတွေကို စာတော့ပြန်ပါတယ်"

"ငါဖြစ်နေလို့ မပြန်တာထင်တယ်"

ဖြူစွတ်,စွတ်မျက်နှာပေါ်မှာ အိပ်ရေးမ‌၀လို့ဖြစ်ပေါ်နေတဲ့ မျက်ကွင်းညိုညိုတွေနဲ့ ရှန်ချွမ်းရွေ့ဟာ နည်းနည်းလောက်ထိလိုက်ရုံနဲ့ပြိုတော့မယ်မိုးလို။

အော်..ကင်ဂယူဗင်း...ကင်ဂယူဗင်း...သူ့(ဂွန်းနု)သူငယ်ချင်းလေးကို ရည်းစားလည်းမဟုတ်ဘဲ အရူးတစ်ပိုင်းဖြစ်အောင်လုပ်လိုက်တာပဲ။

"အဲ့လောက်လည်းစိတ်မညစ်ပါနဲ့ကွာ သူမအားလို့နေမှာပါ.အဲ့ကောင်ကတစ်ခါတစ်လေဂိမ်းဆော့တယ်လေ ငါပြောစရာရှိလို့စာပို့တဲ့အချိန်တွေတောင် နည်းနည်းကြာမှာ၀င်ကြည့်တာ"

"မဟုတ်ဘူး...သူအားတယ် အားရဲ့သားနဲ့တမင်၀င်မကြည့်တာ ပုံတောင်တင်နိုင်သေးပြီး မိန်းကလေးတွေကိုတောင် စာပြန်နိုင်သေးတယ်.ငါ့စာကိုမှ၀င်မကြည့်တာ ဂွန်းနုရဲ့"

ငိုသံကြီးနဲ့ပြောလာတာကြောင့် အတန်းထဲကလူတွေကို ဂွန်းနုမှာရှက်ကိုးရှက်ကန်းလှည့်ကြည့်ရသေးသည်။တော်သေးတာပေါ့....ကျောင်းရောက်တာစောနေလို့ ဘယ်သူမှသိပ်မရှိသေးတာ။

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

I Don't Like You Anymore ~~Where stories live. Discover now