Move on ဖို့ကြိုးစားခြင်း ♡⁠˖ ∘⁠˚

Start from the beginning
                                        

သူ့ဆီက‌replyကိုရတဲ့ ကောင်မလေးတွေဟာ အနည်းနဲ့အများတော့ပျော်ရွှင်သွားမှာကြိမ်းသေတာမို့ ဒါဟာဂယူဗင်းဘက်က လူသားချင်းစာနာပေးမှုတစ်ခုပဲ။

အားလုံးပြီးမှ အေးအေးဆေးဆေးနဲ့ DMထဲကတရုတ်ကလေးစာကို ၀င်ဖတ်ဖို့ပြင်နေတုန်း.....

ဒေါက်!

အ့!

ပူထူသွားတဲ့ခေါင်းဟာ နောက်ကိုလှည့်ကြည့်စရာမလို ဂျီအွန်းဟျောင်းရဲ့လက်စ,လက်နဆိုတာကို သိပြီးသားဖြစ်သည်။အခန်းတံခါးကိုမပိတ်မိတဲ့ ကိုယ့်ကိုကိုယ်သာ ဂယူဗင်းမှာပြန်ပိတ်ရိုက်ချင်မိသည်။

"ဟ...ဟျောင်း! "

"၁၂ထိုးတော့မယ် မအိပ်သေးဘဲဘာလုပ်နေတာလဲ ကင်ဂယူဗင်း..မနက်လည်း မင်းကျောင်းသွားရမှာကို"

"ခုပဲအိပ်တော့မှာ ဟျောင်း"

"မင်းကတော့ တင်းတင်း,ကြပ်ကြပ်ကိုလုပ်မှရတော့မယ် ပေး...အဲ့ဖုန်း!"

"ဟာ...ဂျီအွန်းဟျောင်းကလည်း ကျွန်တော်မသုံးတော့ဘူး တကယ်အတည်အိပ်တော့မှာ"

"မရဘူး မင်းမလှိမ့်တစ်ပတ်လုပ်ပြီး ငါထွက်သွားတာနဲ့ အခန်းတံခါးလော့ချပြီး ဖုန်းပြန်သုံးအုံးမှာ သိတယ်.ဂယူဗင်း မင်းထက်အရင် ငါထမင်းစားတာကွ.အဲ့ဖုန်းမပေးရင် ဘာပြိုင်ကားမှလည်းမမျှော်လင့်နဲ့"

"ဟျောင်းကလည်းဗျာ...အားနေ အဲ့တာနဲ့ပဲကိုင်ပေါက်နေတာ"

ဘာမှပြန်မပြောဘဲရုပ်တည်နဲ့လက်ပိုက်ပြီးကြည့်နေတဲ့ ဂျီအွန်းဟျောင်းကြောင့် ဂယူဗင်းမှာ ဆက်ပြီးအတွန့်မတတ်ရဲတော့။သူ့အစ်ကိုကြီးက ရုပ်ကလေးချောသလောက် စိတ်တိုနေတဲ့အခါမျိုးဆိုရင်တော့ ဂယူဗင်းမှာ ကြောက်လှသည်။စပ်ဖြီးဖြီးနဲ့ရယ်ပြလိုက်ပြီး ဖုန်းလေးထိုးပေးလိုက်တော့ သူ့ဖုန်းကို ဆွဲယူသွားသည်။

"မနက်ကျောင်းသွားခါနီးမှ ပြန်ပေးမယ် အိပ်တော့"

မီးပိတ်ပြီးအခန်းထဲက ပြန်ထွက်သွားတဲ့ ဂျီအွန်းဟျောင်းကို ဂယူဗင်းမှာမေတ္တာတွေပို့သမိသည်။

"အဲ့လောက်ထိဆိုးတာ ဟျောင်းတစ်သက်လုံးလူပျိုကြီးဖြစ်ပါစေ"

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

I Don't Like You Anymore ~~Where stories live. Discover now