Move on ဖို့ကြိုးစားခြင်း ♡⁠˖ ∘⁠˚

Start from the beginning
                                        

တင်ထားတဲ့ပုံအောက်မှာ comment ၀င်ရေးတဲ့ ကောင်မလေးတွေကိုကျတော့ ချက်ချင်းပြန်စာရေးနိုင်နေတဲ့ ဂယူဗင်းကမအားတာမျိုးတော့ ဟုတ်လိမ့်မည်မထင်။ဒီတိုင်း...ဒီတိုင်းချွမ်းရွေ့ဖြစ်နေလို့ စာမပြန်တာဘဲဖြစ်နိုင်လောက်ပါမည်။

ဘာကိုမှစိတ်မပါတော့တာမို့ ဖုန်းကိုစက်ပိတ်လိုက်ပြီး အိပ်ဖို့ကိုသာဦးတည်လိုက်သည်။ဂယူဗင်းရဲ့ပုံတွေကိုလည်း အသည်းမပေးဖြစ်ခဲ့တော့။

ဒီညလည်း ဂယူဗင်းစိတ်နဲ့ ချွမ်းရွေ့၀မ်းနည်းရအုံးမည်ထင်ပါရဲ့......။
-
-
-
Ding!

ဂယူဗင်းဂိမ်းဆော့နေတုန်းမှာ သူ့DMက စာလေးတစ်စောင်၀င်လာခဲ့သည်။ပေးပို့သူက တရုတ်ကလေး ရှန်ချွမ်းရွေ့ဖြစ်နေတာကိုမြင်တော့ ဂယူဗင်းမှာဂိမ်းရှုံးနေတဲ့ ကြားထဲကနေ ပြုံးမိသေးသည်။

noti barကစာလေးကိုဖတ်ကြည့်လိုက်တော့ မေးထားတာလေးက 'အဲ့နေရာလေးကလှလိုက်တာ ဘယ်နေရာလေးလဲ ဟင်'တဲ့။

ကလေးတွေသုံးတဲ့အကွက်တွေနဲ့ ဂယူဗင်းကို စကားလာစနေတာလေးက တစ်မျိုးလေးတော့လည်း ချစ်ဖို့ကောင်းပါသည်လေ။

"ဂယူဗင်း ကားနောက်နားမှာတစ်ကောင်ရှိတယ်..ဟေ့ကောင်! ငါ့ကိုကာပေး ငါပစ်မယ်"

"ငါoutပြီဆွန်းအွန်း ရုတ်တရက်လုပ်စရာလေးတစ်ခုရှိသွားလို့...မင်းဟာမင်း တစ်ယောက်တည်းဆော့ချင်ဆက်ဆော့တော့"

"ဟေ့ကောင် အဲ့လိုလုပ်လို့မရဘူးလေ!....ရားးးး ကင်ဂယူဗင်း!! ခွေး*#*#*"

တပ်ထားတဲ့နားကြပ်ကိုစွဲဖြုတ်ပစ်လိုက်တော့ ယူဆွန်းအွန်းရဲ့အသံဆိုးကပြတ်တောက်သွားခဲ့သည်။မနက်ကျရင်တော့ သေချာပေါက်ဂိမ်းပြီးအောင် မဆော့လို့ဆိုပြီး ဒီကောင်ရဲ့နားညီးတာကိုခံရအုံးမှာပင်။

ဂိမ်းထဲကနေထွက်လိုက်ပြီးနောက် ဂယူဗင်းဟာ အရင်ဆုံးအနေနဲ့ ညနေကကော်ဖီဆိုင်မှာ ဆွန်းအွန်းရိုက်ပေးထားတဲ့ ပုံတွေကိုရွေးပြီးIGမှာတင်လိုက်တယ်။အနုပညာရှင်လည်းမဟုတ်ပါဘဲ သူ့ပိုစ့်အောက်မှာချက်ချင်းဆိုသလိုတက်လာတဲ့ မှတ်ချက်တွေကြောင့် စိတ်ပျော်ရွှင်စွာနဲ့ ပြန်စာလေးတွေရေးပေးလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

I Don't Like You Anymore ~~Where stories live. Discover now