Aiကပို့ပေးလာတဲ့ အချက်အလက်တွေက ချွမ်းရွေ့အတွက်တော့တစ်ခုမှ သုံးစားလို့မရ။ဖြစ်နိုင်မယ့်အရာကိုတွေးကြည့်ရင်း ချွမ်းရွေ့ထိုင်စောင့်နေတုန်းမှာ ဂယူဗင်းက Storyတစ်ခုကို တင်လိုက်သည်။
ချက်ချင်းကြီး၀င်ကြည့်မိလျှင် ကြိုက်နေမှန်းသိသာသွားမှာဆိုးတာကြောင့် ခဏလောက်တော့ ထိုင်စောင့်နေရသေးတယ်။
တစ်....နှစ်....သုံး
သုံးမိနစ်လောက်ကြာအောင်စောင့်ဆိုင်းပြီးချိန်မှာတော့ ချွမ်းရွေ့မနေနိုင်စွာ၀င်ကြည့်လိုက်သည်။ဘာမှတော့ထွေထွေထူးထူးတင်ထားတာမဟုတ်ခဲ့။ကော်ဖီဆိုင်တစ်ခုရဲ့ အတွင်းပိုင်းတစ်နေရာကို ရိုက်ပြီးတင်ထားခြင်းပင်။
ရုတ်တရက်ကြီး ဖျတ်ခနဲ၀င်ရောက်လာတဲ့ အတွေးကြောင့် ချွမ်းရွေ့ဟာအတော်ကြာစဉ်းစားခဲ့ရတဲ့ ပုစ္ဆာတစ်ပုဒ်ကိုအဖြေရသွားသလိုမျိုး ပျော်ရွှင်သွားကာ ဂယူဗင်းကို စာပို့ဖို့ပြင်လိုက်တယ်။
Keyboard မှာစာရိုက်နေစဉ်အတွင်း သူ့ရဲ့လက်တွေဟာ တုန်ယင်နေခဲ့ပြီး ရင်ဘတ်ထဲမှာတော့ ဘုံကျောင်းကနဂါးက,ကနေသလိုမျိူးခုန်ပေါက်နေခဲ့တယ်။Crushဆီကို စာပို့တဲ့ လူတိုင်းက သူ့လိုမျိုးပဲခုလိုရင်ခုန်တတ်ကြတာလား?
အရဲစွန့်ပြီး စာလေးတစ်ကြောင်းပို့ပြီးတဲ့အချိန်မှာတော့ ချွမ်းရွေ့ဟာဖုန်းကိုအိပ်ယာဘေးချလိုက်ပြီး ကုတင်ပေါ်မှာတော့ နှစ်ပတ်လောက်လူးလိမ့်နေပစ်လိုက်တယ်။
ကင်ဂယူဗင်းက သူ့ကိုသေချာပေါက်စာပြန်မှာ။အား....ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ချွမ်းရွေ့ကိုဂယူဗင်းသာစာပြန်ရင် ဘာတွေဆက်ပြီးပြောရမှန်းဆိုတာ ခုထဲကကြိုစဉ်းစားနေရတယ်။
တစ်မိနစ်။
နှစ်မိနစ်။
စာပြန်ဖို့မပြောနှင့် ငါးမိနစ်လောက်ကြာတဲ့အထိ သူ့စာကို၀င်မဖတ်ခဲ့။ဆယ်ငါးမိနစ်လောက်ကြာတဲ့အထိ ၀င်မဖတ်တဲ့အခါမှာတော့ ချွမ်းရွေ့ဟာ အောက်နှုတ်ခမ်းလေးအနည်းငယ်ထော်လာရပြီ။
"မအားလို့များလား...ဂိမ်းဆော့နေလို့များလား"
အရဲစွန့်ပြီးစာပို့ကာမှ crushဆီက ပြန်စာမရတဲ့အခါ ချွမ်းရွေ့ဟာစွန့်ပစ်ခံလိုက်ရတဲ့ ခံစားချက်လေး စတင်ရရှိလာရသည်။မအားလို့နေမှာပါဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်နေတုန်းမှာ ပိုစ့်တင်လိုက်တဲ့ ဂယူဗင်းကြောင့် ပိုပြီး၀မ်းနည်းသွားရသည်။
YOU ARE READING
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
Move on ဖို့ကြိုးစားခြင်း ♡˖ ∘˚
Start from the beginning
