"အစ်ကိုလည်း မင်းကိုပြန်မကြိုက်နိုင်တာမို့ မင်းပေးတာကိုအလကားတော့မလိုချင်ဘူး ဒါကြောင့်ပြန်ယူပါ"
သူတစ်ပြန်၊ကိုယ်တစ်ပြန် အတင်းမုန့်ထုတ်တွေကိုပြန်ထိုးပေးနေတဲ့ အခြေနေကြောင့် ကျောင်းသားတစ်ချို့ရဲ့အာရုံစိုက်တာကိုတော့ခံရသည်။လူတွေအာရုံစိုက်ခံရတာကို သိပ်မကြိုက်တဲ့ချွမ်းရွေ့က ဒီလိုအခြေနေကိုပိုပြီးစိတ်ရှုပ်မိသည်။
နောက်ဆုံးတော့ ထိုကောင်လေးကလက်လျော့သွားပုံရသည်။ချွမ်းရွေ့ထိုးပေးတဲ့မုန့်တွေကို ပြန်မပေးတော့ဘဲယူထားလိုက်သည်။
"ရပါတယ် အစ်ကိုကမစားချင်ဘူးဆိုမှတော့ ဒီမုန့်တွေကို ကျွန်တော်လည်းပြန်မယူချင်တော့ပါဘူး"
အတန်းထဲကအမှိုက်ပုံးထဲကိုရောက်သွားတဲ့ မုန့်ထုတ်လေးကြောင့် အစားအသောက်ချစ်မြတ်နိုးသူလေး ချွမ်းရွေ့မှာ အနည်းငယ်တော့နှမြောတသဖြစ်မိသည်။ဒါပေမယ့် လူရှေ့သူရှေ့မှာမို့ ဟန်မပြတ်အောင် ပတ်ဂွန်းနုကိုခေါ်ပြီး အဲ့အဆောင်ကနေပြန်ထွက်လာရသည်။
အ့!
လှည့်အထွက်မှာတိုက်မိတဲ့ ရှေ့ကခပ်မာမာအရာကြောင့် ချွမ်းရွေ့ဟာကိုယ့်နဖူးကိုယ်ပြန်ပြီးတော့ပွတ်လိုက်မိသည်။
"တောင်းပန်ပါတယ် မမြင်......."
စကားတို့ကဆက်မထွက်လာခဲ့။မထွက်လာဆို သူ့တိုက်မိတာက သူ့crushကြီး ကင်ဂယူဗင်းဖြစ်နေခဲ့တာကို။သေစမ်း! ညကအခြေနေကြီးကိုတွေးမိတော့ ချွမ်းရွေ့မှာ မျက်နှာပူလာသည်။
"ငါတို့ အဆောင်ကအငယ်လေးကို အတန်းရှေ့ထိတကူးတကလာငြင်းတာ မင်းကမလွယ်ကြောလေးဘဲ ရှန်ချွမ်းရွေ့ရဲ့"
"......"
"နေမကောင်းဘူးလား...မျက်နှာတွေကနီနေတယ်"
"....."
"ဟမ်....ဟို...ဟို ဘာမှ...မဖြစ်ပါဘူး ကျေးဇူးပါဗျ"
ကင်ဂယူဗင်းရှေ့ကနေ အလျင်အမြန်ပြေးထွက်လာခဲ့ရသည်။နောက်မှာကျန်ခဲ့တဲ့ ပတ်ဂွန်းနုကိုလည်း သူပြန်လှည့်ခေါ်ဖို့အာရုံမရတော့။တစ်ယောက်တည်းပြေးမိပြေးရာ ကျောင်းရဲ့အိမ်သာထဲကိုပြေး၀င်လာမိသည်။
ဘုရားစူး!! ကင်ဂယူဗင်းက သူ့ကိုစကားပြောတယ်။ပြီးတော့ သူ့နာမည်အပြည့်အစုံကိုလည်းခေါ်သေးတယ်။ချွမ်းရွေ့ဟာ ချက်ချင်းနေရာမှာတင်အရည်ပျော်ချင်သွားခဲ့သလို။အနီးကပ်မြင်လာတဲ့ကင်ဂယူဗင်းရဲ့မျက်နှာဟာ ခုထိသူ့ရဲ့မျက်လုံးထဲကမထွက်နိုင်သေး။တစ်စွန်းစသာရှုရှိုက်ခဲ့ဖူးတဲ့ ရေမွှေးနံ့ဟာလည်း ၀င်တိုက်မိခဲ့တဲ့ သူ့ရဲ့ရှပ်အဖြူမှာခုထိအနံ့စွဲသွားသလိုမျိုး။
စိတ်ဖြတ်နေပါပြီဆိုမှ ခုလိုရုတ်တရက်ကြီးပေါ်လာတော့ သူကဘယ်လိုလုပ်ရပါ့မလဲ။တကယ်ပါပဲရုန်းထွက်နေရင်းနဲ့ ဆက်ဆက်နစ်နေခဲ့အောင်ကို ကင်ဂယူဗင်းကပြုစားလွန်းပါတယ်။
ဒီလိုစိတ်နဲ့သူ ဂယူဗင်းကိုဘယ်လိုများMove onနိုင်ပါတော့မလဲ။ဒီနေ့လည်း ကင်ဂယူဗင်းကို မချစ်မိဖို့တားနေရင်း ချစ်မိသွားခဲ့ပြန်တယ်။
∆∆∆∆∆
#####
Nabi's Note
ခရီးအရှည်ကြီးကျန်သေးတာမို့ ဖြည်းဖြည်းပဲသွားကြရအောင် <3
ESTÁS LEYENDO
I Don't Like You Anymore ~~
FanfictionShimkongz 🌹 Gyuri 🥭🍓 Start date - 17.11.24 End date -????
Move on ဖို့ကြိုးစားခြင်း ♡˖ ∘˚
Comenzar desde el principio
