Part 1(Unicode)

352 5 0
                                        

Part 1

ရောင်စုံဆလိုက်မီးတွေနဲ့ မြူးကြွနေတဲ့ တီးလုံးကြားမှာ လူငယ်တချို့ ကခုန်နေကြကာ

"ဟေ့ကောင် မာန်
မင်းကလဲ သောက်ပဲသောက်နေတာပဲ
ဒန့်လေး လာဆွဲပါလား"

"မင်းတို့ဘာသာ အေးဆေးကကြပါကွာ
ငါ အာရုံမလာလို့
အခုချိန်မှာ ငါ့အတွက်တော့ သူကအဖော်ပဲ"
မာန် သောက်လက်စခွက်ကို ကိုင်မြှောက်ပြလိုက်တယ်

"အေးပါကွာ
ဟုတ်ပါပီ"

"မာန် မင်းကြည့်ရတာ အိမ်နဲ့ရန်ဖြစ်လာတယ်ထင်တယ်"

"ထုံးစံတိုင်း သူ့မိထွေးနဲ့နေမှာပေါ့ကွာ
သီဟက ၀င်ပြောတယ်"

"ဒီတစ်ခါက ပိုဆိုးတယ်
ငါ့ဘ၀ကို လာခြယ်လှယ်တာကွ"

"ဘယ်လိုခြယ်လှယ်တာလဲ မာန်"
နိုင်ဖြိုးက မေးကာ

"ငါ့ကိုအိမ်ထောင်ချပေးမလို့ဆိုပီး အရိပ်မြွက်ပြောလာလို့"

"ဟေ
ဘယ်သူနဲ့လဲ"
သုံးယောက်သားဆီက ပြိုင်တူအသံထွက်လာတယ်

"မသိချင်ပါနဲ့ကွာ
ငါလဲ မသိဘူး
စိတ်ထဲကမပါလို့လားမသိ
ပါးစပ်က ပြောရမှာတောင် မပြောချင်ဘူး"

"ထားပါတော့ကွာ
မင်းဒက်ဒီကို ဘယ်လို ပြန်ပြောလိုက်လဲ"

"ကျတော့်ဘ၀လက်တွဲဖော်ကို ကိုယ်တိုင်ပဲ ရွေးချယ်မယ်လို့ ပြောလိုက်တယ်
ဒီကိစ္စကိုစီစဥ်တာ ဟိုမိန်းမစနက်နေမှာကွ"

"မင်းကလည်း သေချာလို့လားကွာ
မင်းဒက်ဒီ စီစဥ်တာရော မဖြစ်နိုင်ဘူးလား"

"No
ဒီမိထွေးမကြီးက ငါ့ကိုအိမ်ခွဲနေစေချင်တဲ့ပုံစံ
ဒါမှ ဒီအိမ်ကြီးကို သူအပိုင်းစီးပီး
ခြယ်လှယ်လို့ရမှာ"

"အန်တီနွယ်ပုံစံက အဲလိုပုံစံ မဟုတ်လောက်ဘူးလို့ ငါတို့ထင်တယ်"

"ဒီမှာ သီဟ
လူတွေကို အပေါ်ယံကြော ဘယ်တော့မှ
မကြည့်နဲ့
အတွင်းကောက်တာမမြင်ရဘူးကွ
ဒီမိန်းမ အပျိုတန်မယ့် သူဌေးကြီးမုဆိုးဖိုကလေးတယောက် ငါ့အဖေကို အရချန်လိုက်တာပဲကြည့်
ငါ့အဖေ ဒိတ်ဒိတ်ကြဲ စီးပွါးရေး လုပ်ငန်းရှင်ကြီးတောင် သူ့မာယာထောင်ချောက်အောက်မှာမိသွားခဲ့တာလေ"

မုန်းမေ့မရသူWhere stories live. Discover now