Chapter 223

3K 258 0
                                        

Chapter 223 –  အိမ်ကိုဖုန်းခေါ်ခြင်း
.

ဒါပေမယ့် ဒါတွေအားလုံးအပြင် သူမပိုပြီးတော့တောင် အားကျရတာက လုရှအတွက်ကျန်းကျွင်းမော့ရဲ့အသေးစိတ်ဂရုစိုက်မှုတွေပင်။

သူမကဇနီးသည်ကို ဒီလောက်ကောင်းကောင်း‌ဆက်ဆံပြီး မည်သည့်မတော်တဆထိခိုက်တာမှ မခံစားရအောင် သတိကြီးကြီးထားကာ ဂရုတစိုက်ရှိနေတဲ့ ယောက်ျားမျိုးတစ်ခါမှမတွေ့ဖူးဘူး။ သူကကလေးကိုပင် ကောင်းကောင်းဂရုစိုက်တတ်သဖြင့် သူမကိုအမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။

သူတို့တွေရွာကို ပြန်သွားရင်တောင် လုရှကဘာမှဒုက္ခခံရမှာမဟုတ်ကြောင်း စွင်းရှန်းနန်ကကြိုတင်တွေးကြည့်လို့ရနေပြီ။ ရဲဘော်ကျန်းကသူတို့အတွက် ကိစ္စအဝဝကိုစီမံပေးပေလိမ့်မည်။

ဒီအကြောင်းတွေးလိုက်တော့ သူမရဲ့အားကျမှုက ပိုနက်ရှိုင်းသွားပေမယ့် ဒါကအကုန်ပါပဲ။ သူမကလုရှမဟုတ်သလို လျှိုကျွင်းကကျန်းကျွင်းမော့မဟုတ်ပေ။ သူတို့မိသားစုတွေနဲ့ အချင်းချင်းဆက်ဆံပြုမူပုံတွေက ကွဲပြားတာကြောင့် သူမကိုယ်သူမသူတို့နဲ့လိုက်ယှဉ်မှာမဟုတ်ပေ။

(T/N အမှန်ပဲ လူဆိုတာသူ့အခြေအနေကိုယ့်အခြေအနေဆိုတာရှိတယ် အားကျလို့ရတယ် မလိုစိတ်မွေးလို့မရဘူး အားကျရုံထက်ပိုပြီး သူများဘဝကိုတပ်မက်ရင်တော့ ကိုယ့်ဘဝကတဖြေးဖြေးနဲ့နစ်သွားမှာပဲ)

လျှိုကျွင်းကသူမကို ကောင်းကောင်းဆက်ဆံလိမ့်မယ်လို့ ယုံကြည်ထားရင်တောင် သူကဒီလောက် အသေးစိတ်နိုင်မှာမဟုတ်ပေ။ ဒါပေမယ့် ဒီဘဝမှာသူမနဲ့ အကောင်းဆုံးလိုက်ဖက်ညီတာကပဲ လုံလောက်အောင်ကောင်းနေပါပြီ။

သူမကကိုယ်နဲ့အကောင်းဆုံး လိုက်ဖက်ညီတာကို ရှာတွေ့ခဲ့တယ်လို့ယုံကြည်သည်။

ကျန်းကျွင်းမော့ပြန်ရောက်လာတဲ့အခါ အထုတ်အပိုးပေါင်းများစွာ ယူပြန်လာသည်။ လုရှအတွက်မီးဖွားပြီးနောက် အားဖြည့်စာတွေနဲ့ ပြည့်နေတယ်ဆိုတာ သိသာထင်ရှားပါသည်။

တနေ့တာလုံး သူအလုပ်များနေသည်ကိုတွေ့လိုက်ရတော့ စွင်းရှန်းနန် သူ့ကိုခဏတာအနားယူရန် မရမကတိုက်တွန်းခဲ့ပြီး သူမဘာသာ ဝိုင်းကူလုပ်ပေးလိုက်သည်။

အမြှောက်စာခင်ပွန်း အတွဲ ၂Where stories live. Discover now