Final Part(Unicode)

3.5K 46 1
                                        

Part 56
final part(ဇာတ်သိမ်းပိုင်း)

"ဟေ့ကောင် သားကြီး ဖြေးဖြေးမောင်းပါကွ
ငါမိန်းမယူထားတာ မကြာသေးဘူးကွ"

"မကြေငြါနေစမ်းပါနဲ့ကွာ
ငါကလဲ ကလေးနဲ့မနီးစပ်သေးသ၍ ဘာမှအဖြစ်ခံမှာ မဟုတ်ဘူး"

"အချိန်လိုပါသေးတယ်ကွာ
အေးဆေးမောင်းစမ်းပါ"

"ငါ့စိတ်မအေးနိုင်ဘူး တည်မြဲ
ကလေးကို အဖြစ်မှန်တွေ ရှင်းပြရမှ ဖြစ်မှာ
ဖုန်းဆက်ပီး မင်းမိန်းမကို လှမ်းမေးကြည့်စမ်းပါ
လေဆိပ်သွားနေပီလားလို့"

"အေးပါကွာ"

တီ တီ တီ
တီ တီ တီ
$ခန့်ကြီး မကိုင်ဘူးကွ
ကြည့်ရတာ အချစ် ငါ့ကို ကောက်သွားပီထင်တယ်
အဲဒါ မင်းကြောင့်"

"သူငယ်ချင်းရာ
ကူညီလက်စနဲ့ ဆက်ကူညီစမ်းပါ
အိမ်ဖုန်းကို ခေါ်ကြည့်ပေးပါလား"

"အေးပါ ကျေးဇူးရှင်ရာ"

"ဟဲလို
အိမ်ဖော်မလေးတယောက် ဖုန်းလာကိုင်တယ်"

"ငါ တည်မြဲပါ
ဒက်ဒီတို့ လေဆိပ်သွားကြပီလား"

"ဘဘတို့လင်မယားက မမလေးထွက်သွားမှာကို မကြည့်ရက်လို့ အိမ်မှာကျန်ခဲ့ကြတယ် အကိုလေး"

"ဟုတ်လား
အေးအေး ပီးရော"

"ခန့်ကြီးဘက်ပြန်လှည့်ကာ
မင်းကြားတဲ့တိုင်းပဲ"

"မင်းညီမရော လိုက်ပို့တယ်မလား
သူ့ကိုဆက်ကြည့်ပါလား"

တည်မြဲ ...ခန့်ကြီးကို သိပ်မကြည်တော့
အရေးကြီးတယ်ဆိုပီး ဖုန်းလှမ်းဆက်တော့ သူ့မှာ အမြန်အိမ်က ထွက်လာခဲ့ရတာ
မိန်းမလုပ်သူကို အကျိုးအကြောင်းမပြောခဲ့ရ
ခယ်မလေးကို လေဆိပ်လိုက်ပို့တဲ့ထိ သူရောက်မလာလို့ စိတ်ဆိုးသွားပီထင်တယ်

တီ တီ တီ
ဒီကောင်မလေးကလဲ မကိုင်ပြန်ဘူး

တည်မြဲ စိတ်မရှည်စွာ
အရေးကြီးတော့မှကွာ
ဖုန်းတယောက်မှ မကိုင်ကြဘူး

*****
မှီတို့ လေဆိပ်ရောက်တော့ ကိုလင်းက ကြိုရောက်နှင့်နေတယ်

"မှီလေးတို့ ရောက်လာပီလား"

"ကိုလင်းတယောက်ထဲလား
ဒက်ဒီတို့က အလုပ်ကိစ္စရှိလို့ ပြန်သွားကြပီ"

တိတ်ဆိတ်သော ချစ်ခြင်းသံWhere stories live. Discover now