Part 34
"ဒါဆို တနေ့ညက ပွဲမှာ ကိုကြီးခန့်က ရုတ်တရက်ထပြန်သွားတာပေါ့"
"ဟုတ်လား...မှီ"
"ဟုတ်တယ်...ဖြူဖြူ"
"မှီကို ဖေကြီးတို့နဲ့ ဘယ်လိုပတ်သတ်လဲ မေးပီး ငါ့အဖြေကိုလဲ ကြားပီးရော ကောက်ခါငင်ခါ ထပြန်သွားတာပဲ"
"ကိုကြီးက သူ့အမေကိုသာ မနှုတ်ဆက်သွားဘူး"
"ဖေကြီးနဲ့ ကိုကြီးတို့သားအမိကြားမှာ ပြသနာတခုခုရှိခဲ့မယ် ဖြူဖြူ"
"အဲနေ့ညက ကိုကြီးမျက်နှာ အမူအရာက တော်တော်ပျက်နေတာ"
"ဘာတွေမှန်း မသိတော့ပါဘူးဟာ"
"ကိုယ်မသိသေးတဲ့ ကိစ္စတခုကို သိပ်ခေါင်းစားမခံနေနဲ့ မှီ"
"နင့်ကျန်းမာရေး ထိခိုက်လိမ့်မယ်"
ဖြူဖြူနဲ့မှီ lunch break time ကန်တင်းမှာ ရောက်နေကြကာ စကားပြောရင်း နေ့လည်စာကို စားနေကြတယ်
"မှီ....ဟိုမှာ ကိုကြီးခန့်နဲ့ ဒုပါချုပ်"
ဖြူဖြူ လက်ညိှုးထိုးရာ လှည့်ကြည့်လိုက်တော့ ကိုကြီးတို့နှစ်ယောက်က
စကားတွေပြောကာ ရယ်မောစွာဖြင့်
ကန်တင်းကို လာနေကြတယ်
"မှီတို့နားကို အရောက်မှာ ဖြူဖြူက
ဒုပါချုပ်နဲ့ ကိုကြီးခန့် lunch လာစားတာလား"
ရဲထက်က
"ဟုတ်တယ်ကွ...ခန့်ကြီးနဲ့ သိနေကြတာလား"
"ဟုတ်ကဲ့ ..သိကြပါတယ် ဒုပါချုပ်"
ကိုကြီးက ဖြူဖြူကိုပဲကြည့်ကာ
"သိတယ်ရဲထက်...ငါပြောနေတဲ့ ငါ့အချစ်ဆုံးသူငယ်ချင်း တည်မြဲရဲ့ ၀မ်းကွဲ ညီမလေ"
"အော်...ဟုတ်လား
မိတ်ဆွေအရင်းကြီးတွေပဲ"
"မင်းတို့ဆရာက သူ့သူငယ်ချင်းအကြောင်း
သြစီမှာကျောင်းတက်တုန်းက အမြဲပြောနေကြမို့ အကိုက သိတာ"
"ညီမတို့နှစ်ယောက်က သူငယ်ချင်းတွေလား..ဘယ် year လဲကွ"
"ဖြူဖြူတို့က first year(fresher)တွေပါ ဒုပါချုပ်"
"ညီမက ဖြူဖြူအောင်"
"သူက စံထားမှီပါ"
"အကို့နာမည်က ရဲထက်ပါ"
