Antonတစ်ယောက် america ပြန်သွားပီးထဲက စာမလာအကြောင်းမကြားတာ ယနေ့နဲ့ဆို သုံးလတိတိရှိခဲ့ပီ။
နေ့စဉ်နေတိုင်းလုပ်နေကြ အလုပ်တွေနဲ့ အလုပ်ထဲစိတ်နှစ်ပီးလုပ်နေပေမယ့်လဲ စိတ်ထဲရဲ့ထောင့်တစ်နေရာက သူ၏အကြောင်းကို မတွေးမိပြန်ဖူးလို့ပြောရင် မုသားစကားဖြစ်ပေလိမ့်မည်။
မန်နေဂျာhyung ကို အန်တွန်အကြောင်း မေးကြည့်တော့လဲ ပြန်သွားပီးထဲက ပရိတ်သတ်အရှေ့မပေါ်လာသေးဖူးလို့ကြားသိရပြန်တော့ စိတ်ထဲထိုကိစ္စကိုပဲ စဉ်းစားမိနေသည်။
ငါစာပို့သင့်လား ဆိုတဲ့ မေးခွန်းကလဲ အကြိမ်ကြိမ်အခါခါ တွေးမိနေတဲ့မေးခွန်းလိုမျိုး။
ဒါမှမဟုတ် ငါစိတ်ရောဂါများရသွားတာလား။
Wonbin တစ်ယောက် အတွေးတွေများနေရသည်။
စာပို့သင့် မပို့သင့် တွေးနေတုန်းမှာတင် Sungchan ဆီက စာဝင်လာသောကြောင့် ဝင်ဖတ်လိုက်သည်။
အန်တွန် နာမည်နဲ့ ဝင်ဖတ်ရန် link တစ်ခုလာ share ထားခြင်းဖြစ်သည်။
သတင်းခေါင်းစဉ်၊ နာမည်ကျော် professional တစ်ဦးဖြစ်သော အန်တွန်လီ၏ တိတ်ဆိတ်နေမှူ အကြောင်းအရင်း၊
Wonbin တစ်ယောက် စိတ်ဝင်စားစွာ ဝင်ဖတ်လိုက်သည်။
အများသိထားကြတဲ့ နာမည်ကြီး professional cellist ဖြစ်တဲ့ အန်တွန်လီ ပရိတ်သတ်အရှေ့ကို ယနေ့အချိန်အထိ မပေါ်လာနိုင်သော အကြောင်းအရင်း ကတော့ ကိုရီးယားမှပြန်လာသောနေ့တွင် သူ၏အိမ်ကို ပြန်နေသောလမ်းမှာ ပြင်းထန်သော car accident တစ်ခုကြုံတွေ့ခဲ့ရပီး ဆေးရုံသို့အမှီ တင်ခဲ့ရသည်ဟု အတွင်းသတင်းတစ်ခုစုံစမ်းရရှိခဲ့ပါတယ်။ ဆေးရုံက ဆင်းသည်မဆင်းသည်က်ို တော့ ယနေ့အထိ တိကျစွာမသိရသေးပါ၊ နှစ်ကုန်အထိ အလုပ် schedule များအားလုံးကိုရွေ့ဆိုင်းထားသည်ဟုအတွင်းသတင်းများမှ သိရသည်။
ခဏတာ အသက်ရှူရပ်တန့်သွားသော Wonbin၊ ထိုင်ရာမရထရာမရ ဖြစ်ပီး မျက်နှာမှာ သွေးမရှိတော့သလို။
ချက်ချင်းဆိုသလို မန်နေဂျာhyung ကိုဖုန်းဆက်ပီး အလောတကြီး " အကို... ကျွန်တော့်ကို US flight ticket ဝယ်ပေးလို့ရမလား ဒီည"
"ဒီည!!??"
"အရေးကြီးလို့ပါ၊ နောက်မှအသေးစိတ်ပြောပြမယ်၊ ဝယ်ပေးနိုင်မလား"
"ဝယ်တာကဝယ်ပေးလို့ရတယ်လေ... ဘာမှတော့မဖြစ်ဖူးမလားwonbin..."
" စိတ်ပူစရာမရှိပါဖူးအကို... ဒါနဲ့လေ Anton ရဲ့ လိပ်စာများ သိထားသလား"
ဖုန်းပြောပီး နာရီဝက်လောက်ကြာတော့ မန်နေဂျာဆီမှ Anton ရဲ့ portfolio နှင့်အတူ လေယဉ်လက်မှတ် E ticket ပို့ပေးထားသည်။
နာရီပေါင်းများစွားပျံသန်းစီးရမယ့်လေယဉ်အချိန်ကို အကြာကြီးစိုက်ကြည့်မိပီးနောက် သက်ပြင်းအကြီးကြီးတစ်ချက်ချလိုက်သည်။
"ငါ ဘာဖြစ်နေတာလဲ" တိုးလှစွားသောအသံဖြင့် ထွက်ဆိုလိုက်သည်ကို ဘေးမှဖြတ်သွားသော Eunseok ကကြားပီး Wonbin ဘေးနားဝင်ထိုင်လိုက်သည်။
" မင်း ဘာမှမဖြစ်ပါဖူး"
"ဗျာ?"
" ဘာတုန်း မင်း အန်တွန်ကို ဆက်သွယ်သင့် မဆက်သွယ်သင့် တွေဝေနေတာလား"
တစ်ဖက်သူဖက်မှ အဖြေမလာသောကြောင့် Eunseok ကရယ်ပီးဆက်ပြောလာသည်။
" အတွေးဆိုတာမျိုးကလေ.... မကြိုက်တဲ့အရာတစ်ခုဆို ဘယ်တော့မှ ဦးနှောက်ထဲမှာလဲအကြာကြီးမနေသလို ရင်ဖက်ထဲမှာလဲ နေ့နေ့ညည အဲ့ဒါကို မထည့်ပေးထားနိုင်ဖူး"
" မင်းလိုချင်တဲ့ အဖြေ ရသွားမယ်လို့ ထင်တယ်" ငြိမ်သက်နေသော Wonbin ရဲ့ပုခုံးလေးအားပုတ်ပီး ထိုင်နေရာမှ ပြန်ထသွားသည်။
အခန်းထဲမဝင်ခင် တံခါးမပိတ်ခင် လှမ်းအော်ပြောလိုက်သေးသည်။ " အများကြီးမတွေးနဲ့ တစ်ချို့ကိစ္စတွေက အရှေ့မှာ အဖြေရှိနေပီးသား၊ မြင်အောင်ကြည့်ဖို့ စ်တ်အေးအေးထားဖို့ပဲလိုတယ် "
တံခါးပိတ်သံနဲ့အတူ ထိုင်နေရာမှထပီး ပြုံးမိလိုက်သည်။ ချက်ချင်းဆိုသလို လိုအပ်သောပစ္စည်းများလောက်ကောက်ထည့်ပီး လေဆိပ်သို့အမှီအပြေးအလွှားသွားရန် ပြင်ဆင်နေပါတော့သည်။
ဟိုဖက်ရောက်ရင် ဘာဖြစ်မလဲတော့ သူမတွေးရဲသေးပါ။
ငါလာတာကို ကြိုဆိုနေပါအုံးပါ့မလား။
စင်မြင့်ထက်မှာ အမြဲ ယုံကြည်ချက်အပြည့်ရှိနေခဲ့သော ဝန်ဘင်းတစ်ယောက် ဤခရီးစဉ် သွားနေစဉ် လမ်းတောက်လျှောက်မှာတော့ လမ်းပျောက်နေသောကလေးလေးတစ်ယောက်လို။
A/N: အရမ်းကြာသွားလို့ sorry ပါနော်။ New Year holidays season လေးနဲ့အတူ တစ်ဝကြီရဖတ်လို့ရအောင် update ဖို့ ကြိုးစားနေပါတယ်၊ ဒီနေ့ထိ အားပေးနေလို့လဲ အများကြီး ကျေးဇူးတင်ပါတယ်နော်၊ ဒီ update လေးကိုတော့ အချိုတွေမလာခင် အမြီးလေး လို့သဘောထားပေးနော် 🤫🫶🏻🫶🏻🫶🏻
YOU ARE READING
WHEN DID WE GO WRONG?
FanfictionProfessional cellist - Anton Lee Kpop Idol- Park Wonbin " ရေမရောတဲ့အမှန်တရားတစ်ခုကတော့ ငါက straight ပဲ။" -Park Wonbin " ဘယ်လောက်ထိ straight လဲ၊ ကျွန်တော့် မျက်လုံးကိုသေချာကြည့်ပီးဖြေပေး၊ ဘယ်လောက်ထိ straight တာလဲ?" -Anton Lee
