02. FIRST ENCOUNTER

213 25 0
                                        

အစည်းအဝေးခန်းထဲ မန်နေဂျာHyung သွားကြိုနေသော Anton Lee ကို သုံးယောက် ငြိမ်သက်စွာစောင့်နေကြရင်း...

ငြိမ်သက်မှုကို အရင်ဆုံးဖြိုခွဲချလိုက်သူက Sungchan

"မင်းတို့ ခုရောက်လာမယ့် Anton Lee ဆိုတဲ့သူကို ပေါင်းရသင်းရ အဆင်ပြေမယ်ထင်ကြလား"

"လာမှ ကြည့်ရတာပေါ့" Eunseok ကမျက်ခုံးလေး ပင့်ပြရင်း သူ့ဘေးကသူ အသက်ရှိသေးရဲ့လားဆိုတဲ့အကြည့်လုပ်ပြလိုက်သည်။

Wonbin တစ်ယောက် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့ အကြောင်းအရင်းကတော့ သဘောကျနေမိသူဟုထင်မိနေသောတစ်ဖက်သူက သူ့၏စာအား seen ပြပီး ခုထိ စာမလာအကြောင်းမကြား၊

seen မပြရင်လဲထားတော့
မေးမေးချင်း typing... ဆိုပီး
ခုထိ ဘာမှ ကိုမလာတော့

မနေနိုင်လို့ စာသွားထပ်ချန်လိုက်မိသည်။
"channie? နေမကောင်းဖူးလား?"

"ငါ တွေ့ကြရအောင်ပြောလိုက်လို့ စိတ်ခုသွားတာလား?"

နောက်စာတစ်ကြောင်းထပ်ပို့မလို့ရေးနေတုန်းမှာပင် အခန်းထဲကို ဝင်လာသော မန်နေဂျာ hyung နှင့် အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်။

သုံးယောက်လုံး တူညီစွာ မတ်တပ်ထရပ်ပီး နှုတ်ဆက်လိုက်သည်။
တစ်ဖက်သူရဲ့ ပြန်နှုတ်ဆက်လိုက်ပုံက သုံးယောက်သား အို ဆိုပီးဖြစ်သွားရ။

"အားလုံး...တွေ့ရတာဝမ်းသာပါတယ်၊.... ကျွန်တော့်နာမည် Anton Lee ပါ........ Anton လို့ပဲ ခေါ်လို့...ရပါတယ်ဗျ..."

သုံးယောက်သား Anton အားစိုက်ကြည့်နေမိပီး
(တိုးလိုက်တဲ့အသံ...) ဟုတူညီစွာတွေးမိသွားခဲ့သည်။

Wonbin ကတော့ သူ့အပူနဲ့သူဖြစ်နေတော့ နှုတ်ဆက်ပီးသည်နှင့် ဘာအတွေးမှ ထပ်မတွေးနိုင်တော့။

"Antonက အရပ်ရှည်တယ်နော်၊ ချစ်ဖို့ကောင်းသားပဲ၊ အကိုတို့ထပ်ငယ်မယ်ထင်တယ်..." အသံချိုချိုလေးနဲ့မေးလိုက်သူကတော့ Sungchan.

"... ဟုတ်...မယ်"

"ငယ်လဲငယ်သလို အသံလဲတော်တော်တိုးတာပဲ" ဤသည်ကား Eunseok ရဲ့ကောမန့်။

အကိုနှစ်ယောက်ရဲ့ မှတ်ချက်ကိုကြားပီးနောက် မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ Wonbin အားအကြည့်ကရောက်သွားသည်။

တာဝန်အရ ပြုံးပြလိုက်သလို ခေါင်းလေးညွန့်ပီး ပြုံးပြလိုက်တော့ ကျေနပ်သွားသလိုလို(?)

".... အများကြီး...လိုအပ်သေးတဲ့သူမို့...ကူညီစောင့်ရှောက်ပေးကြပါအုံး..."

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် Wonbin တစ်ယောက် ဒုတိယအကြိမ် Anton အားကြည့်မိလိုက်သည်။ ကောင်လေးတစ်ယောက်ဆီက ဤကဲ့သို့ နူးညံ့ပီး တိုးလှသောအသံကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးလေ။

စူးရှတဲ့အကြည့်တွေလား နူးညံ့တဲ့အကြည့်တွေလား အဖြေရှာမရသောအကြည့်တွေကိုတော့ Wonbin အနည်းငယ်တော့ရိပ်မိသည်။

မန်နေဂျာhyung ရဲ့အသံကြောင့် ထိုအကြည့်များက ရပ်တန့်သွားသလိုလို၊

"ဟိုဘက်အခန်းကို စိတ်ကြိုက်ယူသုံးလို့ရတယ်နော် အန်တွန်.... ဒီcollaboration ကိုလက်ခံပေးလို့ အကိုတို့ဘက်က ကျေးဇူးတင်တယ်ကွာ၊ မအားတဲ့ကြားကနေ Korea ထိလာပေးရတာ "

" မဟုတ်တာ.... ကျွန်တော်ကိုယ်တိုင် စိတ်အားထက်သန်လို့ ဒီရောက်လာတာလဲပါပါတယ် ကျွန်တော်က ကျေးဇူးတင်ရမှာပါ ခုလို တန်ဖိုးရှိတဲ့ အခွင့်အရေးမျိုးပေးလို့..."

" ဒီည dinner ရှိတာ အတူတူလိုက်ခဲ့ပါလား၊ တစ်ယောက်နဲ့တစ်ယောက်လဲ စကားပြောဆိုရင်း ရင်းနှီးမှုရတာပေါ့?"

"ဟုတ်..."

အားလုံးက ပြုံးပြနှုတ်ဆက်ပီးတော့ ညနေအတွက်ပြင်ဆင်ဖို့ အကုန်လုံး အခန်းထဲကထွက်တော့ Wonbin ရဲ့လက်ကို တစ်စုံတစ်ယောက်မှ လှမ်းကိုင်လိုက်တော့ အနောက်လှည့်ကြည့်မိလိုက်သည်။

"အန်..တွန်?"

ကိုင်မိလိုက်တဲ့ လက်အား လန့်ပီး လွှတ်ချလိုက်ပီးမှ " hyung ကျွန်တော့်ကို တစ်ကယ် မမှတ်မိဖူးလား?..."

A/N: Thank you so much for reading. 🧡

WHEN DID WE GO WRONG?Where stories live. Discover now