ကျောက်ယွမ်ကျိူးရော လီလွင်ရော အံ့ဩသဖြင့် စကားမပြောနိုင်ကြတော့။ လီလွင်သည်အံ့ဩလွန်းသဖြင့် နာကျင်မှုကိုပင်မေ့သွားသည်အထိ။ ‌ကျွော်ယိချန်သည်နေရာအနှံ့ကိုလျှောက်ကိုက်ခဲရင်း အနီကွက်ကလေးများဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားနေသည်။

"ယုတ်မာတဲ့ သစ်ပင်မိစ္ဆာ..."

နောက်တစ်ခါထပ်ကိုက်ရန်ကြိုးစားလိုက်သော ကျွော်ယိချန်ရဲ့မေးဖျားလေးကိုလှမ်းဖမ်းကာထိန်းလိုက်ပြီး မျက်လုံးဝိုင်းဝိုင်းလေးများကို တည့်တည့်စိုက်ကြည့်လိုက်ရင်းက ...

"ကျွော်ယိချန်လူကြီးမင်းက လက်စားချေနေတာပဲ... ကြောက်ဖို့ကောင်းလိုက်တာ..."

"ပါးစပ်ပိတ်ထား..."

"ကျွော်ယိချန်လူကြီးမင်းကို ကျွန်တော် အသက်ရှူကြပ်အောင်လုပ်ခဲ့မိတာတွေအတွက်ရော လက်စားမချေတော့ဘူးလား? ကျွန်တော့်ကို လူကြီးမင်းရဲ့အောက်မှာ အသံပေါင်းစုံထွက်တဲ့အထိလက်စားချေပါဦး..."

"မင်း-... အရှက်မရှိလိုက်တာ"

မျက်နှာတစ်ခုလုံးနီရဲလျက် လက်သီးဖြင့်ထိုးရန်ပြင်လိုက်သောကြောင့် လီလွင် သစ်ရွက်ကြွေများအသွင်ပြောင်းကာ ကျွော်ယိချန်အောက်မှ လွတ်မြောက်အောင်ထွက်သွားသည်။ သူ့မျက်လုံးတွေထဲတွင်တော့ တစ်ခုခုကိုစိတ်ချသွားသည့် အရိပ်အယောင်များပြည့်လျက်။ ညှိုးငယ်ခြင်းတွေမရှိတော့ဘူးဟုထင်ရသည်။ ‌မိမိလည်ပင်းရှိ အနီကွက်ကလေးများကို လက်ဖြင့်ထိကြည့်နေသည်က တစ်ခုခုကိုကျေနပ်နေသယောင်။

"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အလုံးစုံမပျက်သေးဘူးဆိုတော့ အစီအရင်ကိုဖျက်ဖို့ သေချာပေါက်ပြန်လာခဲ့ပါဦးမယ်"

"လီလွင်... မင်း-"

ကျွော်ယိချန် စကားမဆုံးခင်မှာပဲ လီလွင်သည်သစ်ရွက်ကြွေများအဖြစ်ပြောင်းလဲကာ ပြူတင်းပေါက်ကနေထွက်သွားပြီဖြစ်သည်။

"ငါ့ကိုလည်းအဲ့လိုအနီကွက်လေးတွေ ဖြစ်အောင်လုပ်ပေးရင်ကောင်းမယ်"

ဘေးနားကိုဘယ်ချိန်ကရောက်နေမှန်းမသိ‌သော ကျောက်ယွမ်ကျိူးလည်ပင်းကအနီကွက်ကလေးတွေကိုမျက်လုံးဖြင့်ညွှန်ပြရင်းကညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ဘာစကားမှပြန်မပြောနိုင်ဘဲ မျက်နှာတစ်ခုလုံးသာ နီရဲနေသော ကျွော်ယိချန်ကိုနှစ်လိုစွာကြည့်လိုက်ရင်းက နှုတ်ခမ်းကိုခပ်မြန်မြန်တစ်ချက်လှမ်းနမ်းလိုက်သည်။

"လီလွင် အစီအရင်ဖျက်ဖို့ပြန်လာတဲ့အခါကျ ငါလည်းကူညီပေးချင်တယ်"

ကျွော်ယိချန် မိမိဘေးနားက ကျောက်ယွမ်ကျိူးကို ကျောခိုင်းလိုက်ကာ လေသံတိုးတိုးလေးဖြင့်ရေရွတ်လိုက်သည်။

"မင်းကြောင့် ဖြစ်ရတာပဲ မကူညီလို့ရမလား?"

ကျွော်ယိချန်က အသက်ရှူသံသမျှတိုးညှင်းစွာပြောလိုက်သော်လည်း ကျောက်ယွမ်ကျိူးသည် လူသာမာန်တွေထက်ပိုသောအာရုံရှိသည့် မိစ္ဆာကြီးပင်။

လီလွင် ပြန်လာတဲ့အခါ သူအဆင်သင့်ဖြစ်နေဖို့ပဲမျှော်လင့်ပါတယ်။

_____________•••_____________

Three Strings AttachedWhere stories live. Discover now