"လီလွင်!... မင်းဒီမှာ ဘာလုပ်နေတာလဲ?"
မိစ္ဆာအမဲလိုက်ဌာနတွင် အားလုံးအိပ်စက်အနားယူချိန်ဖြစ်သည်။ ဌာနာထဲမှ လမ်းမီး အခန်းမီးများ ပိတ်ထားကြပြီ။ ကျွော်ယိချန် အခန်းထဲတွင်သာ စာဖတ်မီးမှိန်ပျပျလေးလင်းနေသည်။
မီးရောင်ကြောင့် မိမိအခန်းထဲကိုကျူးကျော်၀င်လာသည့် သူ၏မျက်နှာကိုထင်ရှားစွာမြင်နေရသည်။ တိမ်လွှာအလင်းဓားမှရောင်ပြန်ဟပ်မှုကြောင့် ကျွော်ယိချန်၏မျက်နှာတွင် အပြာအလင်းဖျော့ဖျော့လေးထင်ဟပ်နေသည်။
"ရှောင်ကျွော်... ငါပါ။ ကျောက်ယွမ်ကျိူး..."
ကျွော်ယိချန်သည်ကား တိမ်လွှာအလင်းဓားအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော်လည်း စိတ်ရှုပ်ထွေးမှုကြောင့် မျက်ခုံးလေးနှစ်ခုကတွန့်ချိူးသွားသည်။
"လီလွင်... မင်းဘာတွေပြောနေတာလဲ? ဘာလုပ်ဖို့ကြံစည်နေတာလဲ?"
ကျွော်ယိချန်ရဲ့ ညအိပ်၀တ်စုံပါးပါးက မီးရောင်အောက်တွင်တဖျတ်ဖျတ်လူးလွန့်ကာကနေသယောင်။ အိပ်ခန်းပြူတင်းပေါက်မှတိုး၀င်လာသောလေနုအေးက ကျွော်ယိချန်ရဲ့ နဖူးထောင့်နားမှယေးယေးကျနေသောဆံနွယ်အမျှင်လေးများအား အနည်းငယ်လွင့်နေစေသည်။
ဒေါက်...ဒေါက်...ဒေါက်
ရုတ်တရက်ထွက်ပေါ်လာသောတံခါးခေါက်သံကြောင့် ကျွော်ယိချန်နှင့် မိမိကိုယ်ကို ကျောက်ယွမ်ကျိူးဟုပြောနေသော လီလွင်တို့နှစ်ယောက်လုံး တံခါးဆီသို့အကြည့်ရောက်သွားကြသည်။
"ကျွော်ယိချန်... တံခါးဖွင့်"
အပြင်မှ ကျောက်ယွမ်ကျိူးအသံဖြစ်သည်။ တံခါးမှအကြည့်တွေကို မိမိရှေ့ကလီလွင်ဆီသို့တစ်ဖန်ပြန်လွှဲလိုက်သည်။ လီလွင်သည်ဘာစကားမှမဆိုပေမယ့် မျက်လုံးထဲတွင်ရင်းနှီးနေသည့်အရိပ်အယောင်များဖြတ်ပြေးနေသည်။ လီလွင်အား လီလွင်နှင့်မတူအောင်လုပ်နေသည့် အကြည့်များဟု ကျွော်ယိချန်ခံစားမိသည်။
*ဝုန်း
အထဲမှ ဘာမှတုန့်ပြန်ချက်မရသည့်အခါ အပြင်မှကျောက်ယွမ်ကျိူးသည်တံခါးကို အတင်းတွန်းဖွင့်ကာ၀င်လာသည်။ အထဲမှ လီလွင့်ကို တိမ်လွှာအလင်းဓားဖြင့်ချိန်ရွယ်ထားသော ကျွော်ယိချန်ကို သေချာစွာစိုက်ကြည့်နေသည်။
YOU ARE READING
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
