Part 2 (Final)

1.6K 90 11
                                        

တိတ်ဆိတ်နေသော အခန်းငယ်ထဲအသက်ရှူသံပြင်းပြင်းတစ်ခုသာထွက်ပေါ်နေသည်။ အလွန်နီးကပ်နေသော ခန္ဓာကိုယ်သုံးခုရဲ့ အပူချိန်တွေကြောင့် အခန်းထဲက လေထုမှာသာမာန်ထက်လွန်ကဲနေသည်။ တစ်ခုတည်းသောဖယောင်းတိုင်မီး မှိန်ဖျဖျက လူသုံးယောက်၏လှုပ်ရှားမှုကိုအလုံးစုံမဖော်ပြနိုင်။

ကျွော်ယိချန်ခေါင်းထဲဗလာကျင်းကာ အ‌ခြေအနေတွေအားနားလည်ရခက်နေသည်။ သူ့ခန္ဓာကိုယ်အနှံ့နယ်ချဲ့နေတဲ့ လီလွင်ရဲ့လက်တွေကိုလိုက်ဖမ်းကာရပ်တန့်ဖို့ကြိုးစားနေမိသည်။ ညအိပ်၀တ်စုံပါးလျလျရဲ့ အပေါ်လွှာကလည်းပခုံးထိလျှောကျနေကာ အောက်ကအတွင်း၀တ်ကလည်း မသေသပ်စွာနှင့် နို့နှစ်ရောင်ပခုံးသားထက်မှ လျှောကျလုမတတ်။ ‌အနောက်မှမိမိကျောပြင်နှင့်ထိထားမိသည့် ကျောက်ယွမ်ကျိူးရဲ့ရင်ဘတ်ထဲမှ နှလုံးခုန်သံမြန်မြန်ဆန်ဆန်က သူကိုယ်တိုင်ရဲ့ နှလုံးခုန်သံနှင့် စည်းချက်ညီစွာထပ်တူကျနေသည်။

"ကျွော်လူကြီးမင်း... ဒါ မင်းတမ်းတနေရတဲ့ကျောက်ယွမ်ကျိူးရဲ့ မျက်နှာလေ မကြိုက်ဘူးလား?"

လီလွင်သည် သူ့ကိုတားဆီးဖို့ကြိုးစားနေတဲ့ကျွော်ယိချန်ရဲ့လက်နှစ်ဖက်စလုံး ကိုဖမ်းဆုပ်ကာ သူ့ မျက်နှာပေါ်တင်လိုက်သည်။ ထို့နောက် ညာဘက်လက်ပေါ်တွင်ပါးကိုအပ်ထားရင်း ဘယ်ဘက်ကို တဖြည်းဖြည်းနှင့် ပါးမှသည် လည်ပင်း၊ လည်ပင်းမှသည် ရင်ဘတ်ဆီသို့ ခေါ်ဆောင်သွားသည်။

"ဒါက ကျောက်ယွမ်ကျိူးရဲ့ နှလုံးခုန်သံ... မင်းတကယ်မကြိုက်ဘူးလား?"

"ဟင့်အင်း... မကြိုက်ဘူး"

"ကျွော်ယိချန်... မင်းတကယ်ကိုမရိုးသားတာပဲ"

"အ!..."

လီလွင်က မိမိပါးပေါ်က ကျွော်ယိချန်ရဲ့လက်ကို အရာထင်အောင်ခပ်ပြင်းပြင်းလေးကိုက်လိုက်သည်။ ထို့နောက် လက်ကောက်၀တ်ကနေ တံတောင်ဆစ်အတွင်းဘက်ထိတိုင်အောင် လျှာဖြင့်ပွတ်ဆွဲသွားရင်း...

"မရိုးသားတဲ့ကလေးတွေက အပြစ်ပေးခံသင့်တယ်"

...နောက်တစ်ခါကိုက်ချလိုက်ပြန်သည်။ ထိုမှတဆင့်ထပ်တိုးကာ လက်မောင်းအတွင်းသားနုနုလေးအားထပ်မံကိုက်ပြန်သည်။ ထို့နောက်ထိုလက်မောင်းအတွင်းသားလေးတွေအာ ကိုက်၍တစ်ခါ၊ စုပ်ကာတစ်လှည့်နှင့်နှိပ်စက်ရင်း အနီကွက်ကလေးများနှင့်အလှဆင်နေသည်။ ကျွော်ယိချန် မလိုအပ်သောအသံများမထွက်မိစေရန် နှုတ်ခမ်းသားတွေကိုဖိကိုက်ထားသဖြင့်သွေးများပင်ထွက်လုမတတ်ဖြစ်နေပြီဖြစ်သည်။

Three Strings AttachedWhere stories live. Discover now