"ကျွော်ယိချန်... ငါ့ကိုရောမကြည့်တော့ဘူးလား?"
လီလွင်သည် ကျွော်ယိချန်အားတောင်းဆိုနေဟန်တူသည်။ နှုတ်ခမ်းများကိုအတတ်နိုင်ဆုံးခနဲ့တဲ့တဲ့အပြုံးများဖြင့်ဆင်ယင်ထားသော်လည်း မျက်လုံးထဲကတစ်ထောင့်တစ်နေရာတွင် တစ်ခုခုကိုပျောက်ဆုံးသွားသည့်ကလေးလေးတစ်ယောက်၏မျှော်လင့်ချက်မျိူးတွေပါ၀င်နေသယောင်။ ကြည့်နေရင်းမှ လီလွင့်ဆီမှ ရွှေရောင်အစက်အပျောက်အလင်းတန်းလေးများထွက်လာသည်။ ထိုအလင်းတန်းကလေးများမှ တဖြည်းဖြည်းအငွေ့အသွင်ပြောင်းလဲကာ ကျောက်ယွမ်ကျိူးဆီမှသည် လီလွင်ထံသို့၊ လီလွင်ဆီမှသည် ကျောက်ယွမ်ကျိူးထံသို့ကူးပြောင်းသွားသည်။
ကျွော်ယိချန်ရှေ့မှ ကျောက်ယွမ်ကျိူးသည် မျက်လုံးများမှိတ်ကျသွားရာမှ တစ်ဖန်ပြန်လည်ပွင့်လာချိန်တွင် သူ့အားအနူးအညံ့ဆုံးပြုံးပြလေသည်။
"ရှောင်ကျွော်..."
မျက်စိရှေ့မှကျောက်ယွမ်ကျိူးဆီကခေါ်လိုက်သံကြောင့် ဒီလူဟာကျောက်ယွမ်ကျိူးအစစ်ဖြစ်သည်ဆိုတာ သေချာသွားသည်။
"အချိန်ပြည့်သွားပြီပဲ နှမြောစရာပဲ... နောက်ထပ်နည်းနည်းလောက်ထပ်ပျော်ချင်သေးတာကို"
ကျွော်ယိချန်နောက်ဘက်မှထွက်ပေါ်လာသော လီလွင်၏အသံ။ နှစ်ယောက်စလုံးကခန္ဓာကိုယ်အမှန်တွေဆီပြန်ရောက်သွားကြပြီဆိုသည့်သဘော။
"ကျောက်ယွမ်ကျိူး..."
ဒီတစ်ခါတော့ ကျွော်ယိချန်ကပဲအရင်ဦးစွာ ကျောက်ယွမ်ကျိူး၏မျက်နှာကိုလက်နှစ်ဖက်ဖြင့်ဆွဲယူကာ မကျွမ်းကျင်သောအနမ်းတစ်ခုကိုခြွေလိုက်သည်။ ဒီလိုမကျွမ်းမကျင်နှင့်ကြိုးစားနေသည်မှာ အရမ်းချစ်စရာကောင်းသည်။
"ရှောင်ကျွော်က တော်လိုက်တာ အများကြီးနမ်းတတ်နေတာပဲ"
"ပါးစပ်ပိတ်ထား..."
ကျွော်ယိချန်၏အမှတ်အသားဖြစ်သောမျက်မှောင်ကြုံ့ကြုံ့လေးနှင့်နှုတ်ခမ်းစူစူကလေးတွေက ကျောက်ယွမ်ကျိူးကိုအတောက်ပဆုံးပြုံးသွားစေသည်။ ကျွော်ယိချန်သည် ကျောက်ယွမ်ကျိူးကိုရန်ထောင်နေရင်းမှ တစ်ခုခုကိုသတိရသွားဟန်နှင့် အနောက်သို့လှည့်ကာ လီလွင်ကိုခုန်အုပ်လိုက်သည်။ ထို့နောက်အသိပေးခြင်းမရှိဘဲ လီလွင့်၏လည်ပင်းကိုကုန်းကာ အကောင်ပေါက်လေးတစ်ကောင်လို ကိုက်ခဲလိုက်သည်။
YOU ARE READING
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 2 (Final)
Start from the beginning
