"ရှောင်ကျွော်... ငါပါ"
လီလွင်မျက်နှာနှင့်မိမိအား အသားမကျမည်စိုး၍ မိမိကျောက်ယွမ်ကျိူးဖြစ်သည်ဆိုတာကိုအသိပေးသည့်နောက် အမြဲသိမ်းပိုက်ချင်ခဲ့မိသည့်၊ စူပုတ်နေတတ်သည့် နှုတ်ခမ်းဖူးဖူးလေးများအား နမ်းလိုက်သည်။ နှုတ်ခမ်းသားချင်းထိတွေ့ပြီးနောက် တစ်ကိုယ်လုံးအားလျှပ်စီးဖြတ်စီးသွားသလိုခံစားချက်က ကျောက်ယွမ်ကျိူးအားထပ်ပြီးလိုချင်လာအောင်လှုံ့ဆော်ပေးနေသည်။
လီလွင်နှင့်ဆန့်ကျင်ဘက်ဆန်စွာ ကျောက်ယွမ်ကျိူး၏အနမ်းများသည်နူးညံ့ကာ တစ်ခုခုကိုပျိူးထောင်နေသည်နှင့်တူလှသည်။ အထိမခံနိုင်သည့်ပန်းလေးတစ်ပွင့်ကို ယုယနေသည်နှင့်တူသည်။ လီလွင်နှိပ်စက်ထားသည့်နှုတ်ခမ်းပါးတို့ကဖူးယောင်နေကာ ပိုမိုစွဲမက်ဖွယ်ဖြစ်နေသည်။ အတွင်းသို့၀င်ခွင့်တောင်းသည့်အနေဖြင့် အောက်နှုတ်ခမ်းကိုလျှာဖြင့်အသာလျက်သောအခါ နှုတ်ခမ်းတို့ကိုအသာတကြည်ဖွင့်ဟလာပေးသည်။ ဒါ့အပြင် သူနဲ့အတူစည်းချက်ညီစွာလိုက်လှုပ်ရှားနေရန်ကြိုးစားရှာသည်။ သို့သော်အသက် နှစ်ဆယ့်လေးနှစ်တိုင်အောင် တစ်စုံတစ်ဦးနှင့်မျှဆက်နွယ်ခြင်းမျိုးမရှိဖူးသည့် လူငယ်လေးတစ်ယောက်အနေနှင့် အလွဲအမှားမှားလေးတွေတော့ရှိနေဆဲ။ ကျောက်ယွမ်ကျိူးသည် ကျွော်ယိချန်နှုတ်ခမ်းပေါ်တွင်နှစ်လိုစွာပြုံးလိုက်သည်။ နှုတ်ခမ်းတို့ကိုခွာလိုက်ကာ ကျွော်ယိချန်မျက်နှာလေးကို မိမိလက်ဖဝါးဖြင့်အုပ်၍ကိုင်လိုက်သည်။ လီလွင်နဲ့ခန္ဓာကိုယ်ချင်းလဲထားရတာဒီတစ်ခုလည်းကောင်းသည်။ လီလွင့်လက်ဖဝါးကြီးကြီးဖြင့် ကျွော်ယိချန်မျက်နှာလေးကိုအုပ်ကိုင်ခွင့်ရှိသည်။
"အ!..."
ကျောက်ယွမ်ကျိူး၏ အတွေးနယ်များကိုပြတ်တောက်သွားစေတာက လီလွင်၏လုပ်ရပ်ကြောင့်ထွက်ပေါ်လာသော ကျွော်ယိချန်အသံဖြစ်သည်။ လီလွင်သည် ကျွော်ယိချန်ရဲ့ ပွင့်ချပ်လွှာလေးကို ပါးစပ်ဖြင့်ငုံခဲထားသည်။
"လီ...လီလွင်!..."
နားရွက်ဖျားတွေသွေးရောင်လွှမ်းကာ သူ့ကိုတွန်းထုတ်ဖို့ကြိုးစားတော့ လီလွင်အလျင်အမြန်ပင် ကျွော်ယိချန်နှုတ်ခမ်းတွေကိုတစ်ဖန်ပြန်သိမ်းပိုက်လိုက်ပြန်သည်။ ဒီတစ်ခါတော့ ကျောက်ယွမ်ကျိူးကိုအတုခိုးနေသည့်အလား အနူးညံ့ဆုံးဖြစ်အောင်ကြိုးစားနေသည်။
YOU ARE READING
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 2 (Final)
Start from the beginning
