ကျွော်ယိချန်ရဲ့နှုတ်ခမ်းပါးတွေနားကိုတိုးကပ်သွားတဲ့ လီလွင်က အနောက်ဘက်မှ ကျောက်ယွမ်ကျိူးကို အနိုင်ရသူလိုကြည့်ရင်း...

"...မနမ်းရဲဘူး..."

... ကျွော်ယိချန်နှုတ်ခမ်းသားတွေကို သားရဲတစ်‌ကောင်လို သိမ်းပိုက်လိုက်သည်။ နူးညံ့မှုအလျှင်းမရှိသည်က ကျွော်ယိချန်ကိုစားသုံးနေသည်နှင့်ပိုတူနေသည်။ နှုတ်ခမ်းတွေကိုဖွင့်ဟ‌ပေးရန်ငြင်းဆိုနေသည့် ကျွော်ယိချန်ရဲ့အောက်နှုတ်ခမ်းကို လီလွင် အားခပ်ဆဆလေးနဲ့ကိုက်ချလိုက်သည်။

"အ!... အွမ်း..."

နာကျင်သွားသဖြင့်နှုတ်ခမ်းလေးဟကာ ညဉ်းမိသည်ကိုအခွင့်ကောင်းယူကာ မိမိလျှာကိုကျွော်ယိချန်ခံတွင်းထဲသို့ ထည့်သွင်းမွှေနှောက်လိုက်သည်။ အ‌ပေါ်နှုတ်ခမ်းကို နှိပ်စက်လိုက်၊ အောက်နှုတ်ခမ်းကိုနှိပ်စက်လိုက်၊ ခံတွင်းထဲကိုမွှေနှောက်လိုက်ဖြင့် အချိန်တော်ကြာလာသော်အခါ ကျွော်ယိချန်ဆီက အသံသေးသေးလေးများ မထိန်းသိမ်းနိုင်စွာထွက်ကျလာသည်။

ကျွော်ယိချန်တစ်ယောက် လီလွင့်လက်ထဲတွင်နှိပ်စက်ခံနေသည့်မြင်ကွင်းက ကျောက်ယွမ်ကျိူးရင်ဘတ်ထဲကတစ်စုံတစ်ရာကိုနှိုးဆွနေသည်။ မလိုလားခြင်း။ ဟုတ်သည်။ သူမလိုလားပါ။ မည်မျှပင် ကျွော်ယိချန်ကို ယခုကဲ့သို့ဖြစ်အောင်လုပ်နေသူက သူ့မျက်နှာနှင့်ဖြစ်နေပါစေ... သူမဟုတ်သည့်အတွက် သူမလိုလားပါ။ ကျွော်ယိချန် တမ်းတနေသည့်သူမှာ သူဆိုတာကို အမှန်တရားမျက်လုံးကြောင့်သိခွင့်ရချိန်မှာ သူ့စိတ်ထဲတွင်အရင်ဆုံးဖြစ်ပေါ်လာသည့်ခံစားချက်သည် စိတ်သက်သာရာရခြင်းဖြစ်သည်။ တခြားသူမဟုတ်ဘဲ သူဖြစ်နေ၍။ တခြားသူမဟုတ်ဘဲ ကျောက်ယွမ်ကျိူးဖြစ်နေ၍။

ကျောက်ယွမ်ကျိူး အတွေးစတွေကိုဖြတ်တောက်ကာ ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်ပြီးနောက် လီလွင်လက်ထဲက ကျွော်ယိချန်မျက်နှာလေးကို မေးဖျားမှအသာဆွဲကာ လီလွင်နှင့်နှုတ်ခမ်းချင်းခွာစေလိုက်သည်။ လီလွင်လို မိစ္ဆာကြီးတစ်ယောက်အနေဖြင့် အသက်ရှူခြင်းမရှူခြင်းကအရေးမကြီးသော်လည်း ကျွော်ယိချန်လိုလူသားလေးတစ်ယောက်အတွက်က အရေးကြီးလှသည်။
ကျွော်ယိချန်အား ခေတ္တမျှအသက်ရှူစေပြီးနောက် မိမိဘက်သို့ခေါင်းလေးအသာအယာလှည့်စေကာ...

Three Strings AttachedWhere stories live. Discover now