"သူ့ရဲ့ တမ်းတနေတဲ့အရာကို ဖြည့်ဆည်းပေးနေတာလေ..."
လီလွင်က ကျွော်ယိချန်ရဲ့မေးရိုးကိုလက်ဖြင့်ဆွဲကိုင်ကာမော့လိုက်သည်။ မိမိအား သတ်ဖြတ်လိုသောအကြည့်ဖြင့်ကြည့်နေသော်လည်း နှုတ်ဆိတ်နေရုံအပြင်တခြားလုပ်နိုင်မရှိ၍ ခံပြင်းနေသော ကျွော်ယိချန်ကိုကြည့်ရသည်မှာ အလွန်စိတ်ကျေနပ်စရာကောင်းသည်။ အဲ့လိုမျက်နှာထပ်မြင်ချင်သည်။ ဆက်၍ကြည့်နေချင်သည်။
"ကျွော်ယိချန် လူကြီးမင်း... မင်းဘာလို့ ကိုယ်တိုင်မပြောလိုက်တာလဲ? မင်းရဲ့တမ်းတနေပေမယ့် မရနိုင်တဲ့အရာက ဘာလဲဆိုတာ"
ကျွော်ယိချန် ခံပြင်းလွန်းလှသဖြင့် မျက်လုံးထောင့်များနီရဲကာ မျက်ရည်များပင်ဝေ့သီလာသည်။ ထိုအခြင်းအရာသည် လီလွင့်ကိုဆက်ပြီးသွားရန် အာပေးနေသလိုပင်။ ကောင်းတယ်... ကျွော်ယိချန်။ ထပ်ပြပါဦး။
"လီလွင်... ကျောက်ယွမ်ကျိူးခန္ဓာကိုယ်ကို ပြန်ပေး"
လီလွင်သည် ခေါင်းကိုတစ်ဘက်သို့ခပ်သာသာလေးစောင်းကာ ခပ်ဟဟရယ်မောလိုက်သည်။
"ပြန်ပေးမှာပါ... ဒီပျော်စရာလေးပြီးရင်ပေါ့။ ကျောက်ယွမ်ကျိူး မင်းကိုယ်တိုင်ကြည့်လိုက်... မင်းရဲ့လူသားလေး တမ်းတနေတဲ့အရာကဘာလဲဆိုတာ..."
လီလွင် အမှန်တရား မျက်လုံးကိုအသုံးမပြုသေးခင် ကျွော်ယိချန်အလျင်အမြန်ပင် ကျောက်ယွမ်ကျိူးရဲ့မျက်လုံးကိုလက်ဖြင့်အုပ်လိုက်သည်။ လီလွင်မျက်နှာနှင့်ကျောက်ယွမ်ကျိူးကိုမြင်ရသည်မှာ အသားမကျသေးသော်လည်း ကျွော်ယိချန်စိတ်တင်းကာ မျက်လုံးများကိုလက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်သည်။
"ကျောက်ယွမ်ကျိူး..."
ကျွော်ယိချန်ဆက်ပြောစရာစကားများရှာမရတော့ပါ။ စကားပြောရန်နှုတ်ခမ်းများဖွင့်ဟလိုက်သော်လည်း စကားလုံးများထွက်ကျမလာ။ ကျောက်ယွမ်ကျိူးသိသွားမည့်အစား မိမိတစ်ယောက်တည်းသာ နေ့နေ့ညည ပုံရိပ်ယောင်တွေရဲ့နှိပ်စက်ခံရင်းသာ အသေခံတော့မည်။ ကျောက်ယွမ်ကျိူးဆီက မနှစ်မြို့ရွံရှာသည့်အကြည့်တွေလက်ခံရမည့်အစား ဝေဒနာတွေသာခံစားလိုသည်။
ဒါပေမယ့် ကျောက်ယွမ်ကျိူးသည် ကျွော်ယိချန်အား ဤမျှနှင့်လွယ်လွယ်လက်လျှော့မည့်သူမဟုတ်။ မည်မျှပင်ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ရအောင်ကယ်တင်မည့်သူဖြစ်သည်။ ကျွော်ယိချန်ဝေဒနာတွေခံစားနေရမည်ကို ဘာမှမလုပ်ဘဲကြည့်နေမည့်အစား သေလိုက်မည့်သူမျိူးဖြစ်သည်။
"ရှောင်ကျွော်... မင်းဘယ်အရာတွေကိုပဲ တမ်းတနေပါစေ ငါဖြည့်စည်းပေးဖို့၊ ရအောင်လုပ်ပေးဖို့ ဆန္ဒရှိတယ်... ငါ့ကိုအခွင့်အရေးပဲပေးပါ"
ကျောက်ယွမ်ကျိူးသည် မိမိလက်ပေါ်က ကျွော်ယိချန်ရဲ့လက်များကိုအသာအယာဖယ်ကာ အနူးညံ့ဆုံးပြုံးပြလိုက်သည်။
ထို့နောက်လီလွင်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ရင်းက မျက်လုံးများက ရွှေရောင်အစက်အပျောက်လေးများဖြင့်ပြည့်နှက်သွားသည်။
____To Be Continued___
KAMU SEDANG MEMBACA
Three Strings Attached
Fiksi Penggemar"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 1
Mulai dari awal
