"အဲ့ဒါကြောင့် ငါ လီလွင်ဆီကိုသွားခဲ့တာ။ အမှန်တရားမျက်လုံးနဲ့ဆို ဖျက်နည်းတွေ့နိုင်လောက်တယ်"

ကျောက်ယွမ်ကျိူးကိုယ်နှင့် လီလွင်ဘက်ကို ကျွော်ယိချန်လှမ်းကြည့်လိုက်သည်။ လီလွင်သည် အမှန်တရားမျက်လုံးကိုသုံးနှင့်နေပြီဖြစ်သည်။ ထိုသို့ကြည့်နေရင်းမှ စိတ်၀င်စားစရာ‌သားကောင်ကိုတွေ့လိုက်သည့် မုဆိုးတစ်ယောက်ကဲ့သို့ပြုံးနေသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်"

လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာ‌သို့လျှောက်လာသည်။

"အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..."

ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချန်နဲ့တစ်တန်းတည်းဖြစ်သွားအောင် လီလွင်ထိုင်ချလိုက်သည်။

"မြင့်မြတ်လှပါတယ်ဆိုတဲ့ ကျွော်ယိချန်လူကြီးမင်းရဲ့ တမ်းတနေတဲ့အရာက တကယ်ကိုအံ့ဩစရာပဲ"

လီလွင်ရဲ့ပြောစကားကြောင့် ကျွော်ယိချန်အထိတ်ထိတ်အပြာပြာဖြစ်သွားကာ...

"မကြည့်... မကြည့်နဲ့တော့!"

လီလွင့်ရဲ့မျက်လုံးကိုလှမ်းကာရန်ကြိုးစားလိုက်သည်။ နားရွက်ဖျားတွေနီရဲနေသည်။ မိမိမျက်လုံးဆီလှမ်းလာတဲ့ ကျွော်ယိချန်ရဲ့ လက်ကောက်၀တ်ဖြူဖြူဖွေးကို လက်နှင့်လှမ်းဖမ်းထားလိုက်သည်။

"ကျောက်ယွမ်ကျိူးနဲ့ ခန္ဓာကိုယ်ချင်းလဲလိုက်တာက အရမ်းကောင်းတဲ့ဆုံးဖြတ်ချက်ပဲ"

ထိုသို့ပြောကာ ကျွော်ယိချန်ရဲ့လက်ကောက်၀တ်ကိုမိမိဘက်သို့ဆောင့်ဆွဲကာ နှုတ်ခမ်းချင်းဖိကပ်လိုက်သည်။ ရုတ်တရက်မို့ကြောင်သွားကာ ကျွော်ယိချန်လှုပ်ရှားမှုတွေရပ်တန့်သွားသည်။ မိမိမျက်လုံးထဲမြင်လိုက်ရသည်က မိမိအနားကိုတိုးကပ်လာသည့် ကျောက်ယွမ်ကျိူးမျက်နှာ ဖြစ်သည်။

"မင်း ဘာလုပ်တာလဲ?"

လီလွင်သည် ကျောက်ယွမ်ကျိူး၏တွန်းထုတ်ခြင်းကိုခံလိုက်ရသည်။

Three Strings AttachedWhere stories live. Discover now