"မင်းတို့နောက်ဆုံးဖမ်းခဲ့တဲ့ မြေခွေးမိစ္ဆာရဲ့ အစီအရင်ကို ဖျက်ဖို့ဆိုတာ ကလေးကစားတာထက်တောင်လွယ်သေးတယ်... ငါ့အတွက်က သိချင်တာလေး သိလိုက်ရဖို့ပဲလိုတာ"
ကျောက်ယွမ်ကျိူးသည် မိမိလက်ထဲမှ သတိလစ်လုနီးပါး ကျွော်ယိချန်ကို လီလွင့်ဘက်ကိုတွန်းလွှတ်လိုက်သည်။ အားနည်းကလဲပြိုကျလာသော ကျွော်ယိချန်ကို လီလွင်ကအနောက်ကပြေးပွေ့ရင်းထိန်းထားပေးလိုက်သည်။
"ကျောက်ယွမ်ကျိူး..."
မိမိအားထိန်းထားပေးတဲ့ လီလွင့်ကိုကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။ လီလွင်သည်ကျောက်ယွမ်ကျိူးဖြစ်နေခဲ့ကာ ကျောက်ယွမ်ကျိူးသည် လီလွင်ဖြစ်နေခဲ့တာလား?
"အင်း... ငါပါ"
"ဘာဖြစ်လို့လဲ?"
"လီလွင်က သူသိချင်တာသိရဖို့ ခန္ဓာကိုယ်ချင်းလဲပေးရင် မင်းကိုကူညီမယ်လို့ သဘောတူလိုက်လို့ပါ"
လီလွင်မျက်နှာနှင့် ကျောက်ယွမ်ကျိူးက ဖရိုဖရဲဖြစ်စပြုလာ၍ ညှပ်ရိုးလေးတွေပေါ်လာသော ကျွော်ယိချန်ရဲ့ အင်္ကျီလည်ပင်းကိုပြင်ပေးနေရင်းကရှင်းပြလိုက်သည်။
"အဲ့ဒီ့ မြေခွေးမိစ္ဆာရဲ့ ထင်ယောင်ထင်မှားအစီအရင်ကို ဖျက်လို့ရပြီ"
"ဒါပေမယ့် မြေခွေးမိစ္ဆာကသေသွားပြီလေ။ အစီအရင်ကိုလုပ်တဲ့သူပဲ ဘယ်လိုဖျက်ရမလဲဆိုတာသိတာလေ"
ကျွော်ယိချန် သူ့လက်နဲ့ကိုယ်တိုင် မြေခွေးမိစ္ဆာကိုစီရင်ခဲ့တာကိုမှတ်မိနေသေးသည်။ ထျန်းတူးတွင် လူတွေပါထင်ယောင်ထင်မှား ဖြစ်စေလျက် မိမိတို့မရနိုင်တဲ့အရာတွေကိုတမ်းတရင်းသေစေခဲ့သည့် မြေခွေးမိစ္ဆာကို မိစ္ဆာအမဲလိုက်အဖွဲ့ကသွားရောက်ဖြေရှင်းပေးခဲ့ရသည်။ ထိုမိစ္ဆာသည် ဘယ်လိုမှမပူးပေါင်းသောကြောင့် နောက်ဆုံးအဖွဲ့ကလူတွေပူးပေါင်းကာ စီရင်ခဲ့ရသည်။ ထိုအင်အားကြီးမိစ္ဆာသည် မိမိ၏နောက်ဆုံးထွက်သက်တွင် မိစ္ဆာအမြူတေကို စတေး၍ ကျောက်ယွမ်ကျိူးကို ဒဏ်ရာရစေကာ ကျွော်ယိချန်အပေါ်တွင် အပြင်းထန်ဆုံးသော အစီအရင်ကိုချန်ခဲ့သည်။ ထိုအစီအရင်သည်ကား ဘယ်လိုမှဖျက်မရ။
ESTÁS LEYENDO
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 1
Comenzar desde el principio
