"လီလွင်!..."
အော်သံသည် လီလွင့်ထံမှထွက်လာခြင်းဖြစ်သည်။ ဘာတွေဖြစ်နေကြတာလဲ? ဘာလို့ကျောက်ယွမ်ကျိူးကထူးဆန်းနေတာလဲ? ဘာလို့ လီလွင်ကရော မူမမှန်ဖြစ်နေရတာလဲ?
"ဘာလဲ?... မင်းအရုပ်လေးကိုဖျက်ဆီးပစ်မှာ အရမ်းကြောက်နေတာလား... ကျူးယန့်"
ကျောက်ယွမ်ကျိူး၏လက်များသည် ကျွော်ယိချန်လည်ပင်းပေါ်တွင်ပိုမိုတင်းကြပ်လာသည်။ လက်တစ်ဖက်သည် မိမိနောက်ကျောနှင့် ကျောက်ယွမ်ကျိူးရင်ဘတ်ကြားညှပ်၍ ချူပ်ခံထားရသဖြင့်ကျန်သောလက်တစ်ဖက်ဖြင့်သာ မိမိလည်ပင်းပေါ်ကကျောက်ယွမ်ကျိူးလက်ကိုဖယ်ရှားရန် ကျွော်ယိချန်ကြိုးစားနိုင်သည်။
"... ကျောက်... ယွမ်ကျိူး..."
"မှားနေပြီ... မင်း ကျောက်ယွမ်ကျိူးလို့ခေါ်ရမှာက မင်းရှေ့ကသူပဲ..."
ကျွော်ယိချန် စဉ်းစားရခက်စွာဖြင့် မျက်စိရှေ့ကလီလွင်ကိုကြည့်လိုက်မိသည်။ ပြူတင်းပေါက်ကို ကျောပေးရပ်နေသော လီလွင့်၏မျက်နှာအမူအရာကို ဖယောင်းတိုင်မီးဖြင့်ခန့်မှန်းရခက်သော်လည်း လီလွင်သည်ထူးခြားစွာ ညှိုးငယ်နေသည်ဟုထင်ရသည်။
"ကျောက်ယွမ်ကျိူးက မင်းကိုကယ်ဖို့ ငါ့ဆီအပြေးလာခဲ့တာ..."
ကျွော်ယိချန်၏လည်ပင်းပေါ်က ကျောက်ယွမ်ကျိူးရဲ့လက်တွေက တဖြည်းဖြည်းတင်းကျပ်လာသည်။
"တာ့ဟွမ်းမှာ မိစ္ဆာတွေပေါတယ်... အမျိူးစုံတယ်။ တချို့က လူ့လောကကိုလာကြတယ်။ တချို့က တာ့ဟွမ်းမှာပဲ ပုန်းအောင်းနေကြတယ်။ တချို့တွေမှာက သူတို့အသက်ကိုကာကွယ်ဖို့ လျှိူ့ဝှက်တဲ့အစွမ်းတွေရှိကြတယ်။ ဒါပေမယ့် ငါ့ရဲ့ အမှန်တရားမျက်လုံးအောက်မှာတော့ လျှို့ဝှက်တဲ့ အစွမ်းဆိုတာမရှိဘူး..."
တင်းကြပ်နေတဲ့ မိမိလည်ပင်းပေါ်ကလက်တွေကြောင့် ကျွော်ယိချန်မျက်လုံးများပြာဝေလာကာ အရာများကိုသည်းကွဲစွာမမြင်နိုင်တော့ပေ။ လွတ်နေတဲ့လက်တစ်ဖက်ကိုအားထည့်ကာ လက်သည်းများဖြင့်ကုတ်ထားသဖြင့် ကျောက်ယွမ်ကျိူးရဲ့လက်တွင် လက်သည်းရာများဖြင့်ပြည့်ကာ သွေးများပင်ထွက်လာသည်။
YOU ARE READING
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 1
Start from the beginning
