ကျွော်ယိချန်သည် လျင်မြန်စွာသွားပြီး ကျောက်ယွမ်ကျိူးရှေ့တွင်ကာရပ်လိုက်သည်။ တိမ်လွှာအလင်းဓားသည် လီလွင်ရှိရာဘက်ကိုချိန်ထားဆဲ။
"ကျောက်ယွမ်ကျိူး... မင်းမြန်မြန်သွားပြီး ၀မ်ရှောင်းတို့ကို သွားခေါ်... ငါ လီလွင့်ကိုထိန်းထားလိုက်မယ်"
မကြာသေးမီက မိစ္ဆာဖမ်းခြင်းအမှုတွင် ဒဏ်ရာရခဲ့သော ကျောက်ယွမ်ကျိူးကို ကျွော်ယိချန်စိတ်ပူသည်။ ယခုနေများ လီလွင်နှင့်တိုက်ခိုက်လျှင် ဒဏ်ရာပိုဆိုးလာနိုင်သည်။ အဲ့ဒါထက် မိမိကိုယ်ကိုကျောက်ယွမ်ကျိူးပါဆိုပြီး အခိုင်အမာပြောနေသော လီလွင် ဘာတွေကြံစည်နေမှန်းမသိနိုင်သဖြင့် ကျောက်ယွမ်ကျိူးအတွက် ပိုစိတ်မအေးဖြစ်ရသည်။
ကျောက်ယွမ်ကျိူးသည် မိမိသွားခိုင်းလိုက်ကာမှ မိမိကျောနောက်ဘက်ကိုပိုတိုးကပ်လာသည်။
"ငါမပြေးနိုင်ဘူး..."
"ဘာဖြစ်တာလဲ?..."
ဒဏ်ရာကပိုဆိုးသွားတာလား? ဘယ်လိုဖြစ်တာလဲ? ကျွော်ယိချန် ကျဉ်းထဲကြပ်ထဲရောက်နေသည်။ ဒီလိုအခြေအနေဖြင့် လီလွင့်ကိုရင်ဆိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်။ ကျွော်ယိချန်အနေနှင့် ကျောက်ယွမ်ကျိူးကိုကာကွယ်ရမလား? လီလွင်နှင့်ပဲတိုက်ခိုက်ရမလား?
"ကျွော်ယိချန်... မင်းကငါ့ကိုကာကွယ်ပေးမှာလား?"
ကျောက်ယွမ်ကျိူးသည်ပိုလို့ပင် တိုးကပ်လာသည်။ အလွန်နီးကပ်လွန်းနေသည့်အနေအထားကြောင့် ကျွော်ယိချန်၏နားနောက်ဖက်လေးတွေက ကျောက်ယွမ်ကျိူး၏၀င်သက်ထွက်သက်လေများကိုပင်ခံစားမိနေသည်။
"လီလွင်က ဒီနေ့ငါ့ကိုသတ်မယ်ဆိုရင် မင်းငါ့ကိုကာကွယ်ပေးမှာလား?"
ဒီတစ်ခါတော့ ကျောက်ယွမ်ကျိူးသည် ကျွော်ယိချန်၏ခါးအရှေ့ဘက်ကိုလက်ဖြင့်ဆွဲယူကာ မိမိရင်ဘတ်နှင့်ကပ်ထားသည်။ ခါးအရှေ့ဘက်မှလက်သည် တဖြည်းဖြည်းရွေ့လျားကာ ခါးမှသည် ရင်ဘတ်၊ ရင်ဘတ်မှသည် လည်ပင်းဆီသို့ရောက်လာချိန်တွင် ကျွော်ယိချန်ရုန်းထွက်ရန်နောက်ကျသွားခဲ့သည်။ မိမိလက်ထဲမှ တိမ်လွှာအလင်းဓားကလည်း သတိလက်လွတ်ချိန်မှာရိုက်ချခံလိုက်ရသဖြင့် စာကြည့်စားပွဲနားတွင်စိုက်လျက်သားဖြစ်နေသည်။
YOU ARE READING
Three Strings Attached
Fanfiction"မြေခွေးမိစ္ဆာရဲ့ အစီအရင်က အစွမ်းထက်သလောက် ဖြေရလည်းလွယ်ပါတယ်" လီလွင်သည်ရပ်နေရာမှ ကျောက်ယွမ်ကျိူးနှင့် ကျွော်ယိချန် ရှိနေရာသို့လျှောက်လာသည်။ "အစီအရင်အောက်ကသူရဲ့ တမ်းတနေတဲ့အရာကိုဖြည့်ဆည်းပေးလိုက်ရုံပါပဲ ဒါပေမယ့်..." ကြမ်းပြင်မှာထိုင်နေတဲ့ ကျွော်ယိချ...
Part 1
Start from the beginning
