"ဟျောင့် ငထွဋ် မင်းဟာက မဟုတ်တော့ဘူးနော်"
"ဘာကိုလဲ"
"မင်းဟိုစော်နဲ့တောင် မပြတ်သေးဘူးမလား ခုပေါ်လာပြန်ပြီနောက်တစ်ယောက်"
"အေးဆေးပါ"
"အေ....အေးဆေးပါလုပ်နေ မင်းဇာတ် မင်းနိုင်ရင် ပြီးတာပဲ"
"ပွားမနေနဲ့ လာချမယ်"
သတိုးတို့သုံးယောက် ဘာမှ ပြောမနေတော့ပဲ တစ်ခွက်ပြီး တစ်ခွက်မော့ကာ ည၂နာရီလောက်မှ ပဲ အိမ်ပြန်ဖြစ်တော့သည်။
........................................................................
သတိုး မနက် နိုးလာတော့ ခေါင်းနောက်နေတာနဲ့ အိမ်အကူ ကောင်မလေးအား သံပုရာရည်တစ်ခွက် ဖျော်ခိုင်းပြီး သောက်လိုက်သည်။
"သား"
"ဗျာ...မာမီ"
"ဒီနေ့ ဒရိုင်ဘာက နေမကောင်းလို့ သားကပဲ မာမီ့ကို ပြခန်းကို လိုက်ပို့ပေးနော်"
"မာမီက ဗျာ "
"ဘာလဲ မပို့ချင်ဘူးလား"
"ပို့မယ်ဗျာ"
"ပြီးတာပဲ"
"မာမီလည်း တစ်ရက်တစ်ရက် အဲ့ပြခန်းထဲမှာပဲ အချိန်ကုန်နေလိုက်နော်...ကိုယ်က ပိုင်ရှင်ပဲ နေ့တိုင်းသွားနေစရာမှ မလိုတာ"
"ဟော အလကားသွားနေတာမှ မဟုတ်တာ မနေ့က artistအသစ်ရောက်တယ်ဆိုလို့ ဒီနေ့ သွားတာလေ လူဆိုတာ ယဥ်ကျေးမှုလေးတော့ရှိရတယ်လေ"
" အော်ရောက်လာပြန်ပြီလား နောက်ထပ်အရူးတစ်ယောက်"
"သားနော်...artistတွေကို"
"ကျွန်တော်ကတော့ သူတို့ကို ရူးနေတယ်လို့ပဲမြင်တယ်...တနေ့တနေ့ အဲ့ပန်းချီတွေထိုင်ရေးနေတာ မပျင်းကြဘူးလား မသိဘူး"
"ကဲ ဘာမှဆက်မပြောနဲ့တော့ ပြောလည်းကောင်းတာ ထွက်လာမှာ မဟုတ်တာသိတယ် လုပ်စရာ ရှိတာလုပ်ပြီး မာမီ့ကို ပြခန်းလိုက်ပို့ဖို့ပြင်"
"ဟုတ်ပါပြီ မာတာမိခင်ကြီးရာ"
သတိုးလည်း မာမီ့ကို ဘာမှ ဆက်ပြောမနေတော့ပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မာမီ့ ကို ပြခန်းဆီပို့ဖို့ ဦးတည်ခဲ့လိုက်သည်။
Part 2
Start from the beginning
