"ငါတို့ကတော့ ရတယ် ငထွဋ် မင်းကကော"

"ငါကအေးဆေး"

"အဲ့တာဆို ဒို့ဒီဝိုင်းမှာ ထိုင်ပြီနော်"

"မင်းသဘောပဲ"

သတိုးက ထိုတစ်ခွန်းသာ ပြောပြီး သောက်စရာရှိတာ ဆက်သောက်နေသည်။ဟိုနှစ်ကောင်သားကတော့ မပြီးပါ။

"ကိုယ့်နာမယ်က မင်းထက် ဒီကောင်က သန့်ဇင်"

"တို့နာမယ်က ယု ပါ.....ဒီဘက်က နာမယ်က ဘယ်လိုခေါ်လဲ"

မင်းထက် တို့က စကားပြောနေပေမယ့် ရှေ့က စော်ရဲ့အာရုံကတော့ သတိုးဆီမှာသာရှိနေသည်။

"သတိုးထွဋ်ခေါင်"

"အဲ့တာဆို ကိုထွဋ်လို့ ခေါ်မယ်နော် ယု ထက်လည်းအသက်ကြီးမယ်ထင်တာပဲ"

"မင်းသဘောပဲ"

"ကိုထွဋ်တို့က ဒီကိုလာနေကျမလို့ ယု သတိထား မိနေတာကြာပါပြီ"

"အွန်း ဒါ ကိုယ်တို့နယ်မြေလေ"

မင်းထက်က ဝင်ပြောလိုက်သည်။

"ယု တည့်ပဲပြောမယ် ယု ကိုထွဋ်ကို သဘောကျတယ်"

"ဆိုတော့ က မင်းက ဘယ်လိုဖြစ်ချင်လဲ"

"ယုနဲ့ တွဲကြည့်သင့်တယ်"

"အိုခေ ကောင်းပြီလေ တွဲဆိုတော့လည်း တွဲကြည့်တာပေါ့....ဒါပေမယ့် ဘာမှတော့ အာရုံလာမစားနဲ့နော်"

"တကယ်ပေါ့...အဲ့တာဆို ဒီနေ့ကစပြီး ကိုထွဋ်က ယုကောင်လေးနော်"

"အဟွန်း ...ဒါပေါ့"

"ကိုထွဋ် ကို ဆက်သွယ်လို့ရမယ့် လိပ်စာပေးအုံးနော်"

"ဒီမှာ"

သတိုးက သူ့လိပ်စာကတ်ကို ထိုးပေးလိုက်သည်။

"Thanks"

"ဟုတ်ပြီ ကိုယ်တို့နောက်မှ အေးဆေးပြောကြတာပေါ့ ခုတော့ သူငယ်ချင်းတွေနဲ့ chillလိုက်အုံးမယ်"

"okay ...ယု သွားပြီ....ပြွတ်စ်"

သတိုးကို နှုတ်ဆက် ပြီး နှုတ်ခမ်းထက်အနမ်းပေးသွားတဲ့ ယု ကြောင့် ရှေ့က နှစ်ကောင်သားကတော့ မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်နေလေရဲ့။

"ကိုယ့်ရဲ့ မူပိုင်အက္ခရာ"Where stories live. Discover now