"သား..."

"ဟုတ်မာမီ"

"သား ဒယ်ဒီ ပြောတာတွေ စိတ်ထဲမထားနဲ့နော်"

"အေးဆေးပါ...ဒါတွေက နားယဥ်နေပြီးသား"

"ဟုတ်ပါပြီကွယ်...ခုဘယ်သွားမှာလဲ"

"မင်းထက် တို့ဆီသွားမလို့"

"ဟုတ်ပြီ ညစောစော ပြန်လာအုံးနော်"

"မာမီ"

"​ပြောလေ...သားရဲ့"

"Cardထဲက ပိုက်ဆံက မလောက်ချင်တော့ဘူး"

"ဟုတ်ပြီ သားသွားစရာရှိတာသွား မာမီထည့်ထားပေးမယ် ဟုတ်ပြီလား"

"အဲ့တာကြောင့် မာမီ့ကို ချစ်တာ"

"အမလေး ဟုတ်ပါပြီ"

"အဲ့တာဆို ကျွန်တော် သွားပြီနော်"

"ဟုတ်ပြီ ဂရုစိုက်သွားနော်"

"ဟုတ်"

သတိုးလည်း မာမီ့ကိုနှုတ်ဆက်ပြီး ကားပေါ်တတ်ကာ ခြံထဲကနေထွက်ခဲ့လိုက်သည်။
သတိုးကားရဲ့ ဦးတည်ရာကတော့
The Random Clubဆီသို့။

"ဟျောင့် ငထွဋ် မင်းကွာ စောင့် လိုက်ရတာ"

"အေ ထုံးစံအတိုင်းပဲ"

"ဘာလဲ အိမ်က ဖားသားကြီးက ပွားနေပြန်ပြီလား"

"သိရင် မမေးနဲ့"

"မင်းလည်း မင်းပဲလေ အရင်လို ဆယ်ကျော်သက်လည်း မဟုတ်တော့ဘူး မင်းအဖေ့ရဲ့ companyအလုပ်ကို ဝင်ကူဖို့ ဆန္ဒကိုမရှိသေးတာလား"

"ဟျောင့် မင်းထက် မင်းလည်းဆက်ပွားနေမယ်ဆိုရင် ဒိုးလိုက်တော့ ....လာမစားစမ်းနဲ့ကွာ"

"မင်းထက်ရာ မင်းက လည်း ငထွဋ်ကိုသွားမစားစမ်းပါနဲ့ကွာ"

သန့်ဇင်က ပါ မင်းထက်ကို ဝင်တားလိုက်သည်။မဟုတ်ရင် နှစ်ကောင်သားက ကိုက်ကြအုံမည်။

"မပြောတော့နဲ့ သောက်စရာရှိတာ အေးဆေးသောက်မယ်"

"ချမယ်ကွာ"

သတိုးရှေ့က နှစ်ကောင်သားနဲ့ခွက်ချင်းတိုက်ပြီး မော့ချပစ်လိုက်သည်။

"တို့ ဒီမှာလာjoinလို့ရလား"

သတိုးတို့သုံးယောက် ဝိုင်းကို  စော်တစ်ပွေက ရောက်ချလာကာ မေးလာသည်။
စော်လေးကိုကြည့် လိုက်တော့ ခေသူတော့ ဟုတ်မည့်ပုံမပေါ်ပါ။ ဝတ်စားထားတာက အပျံစားပဲလေ။

"ကိုယ့်ရဲ့ မူပိုင်အက္ခရာ"Where stories live. Discover now