စတင်မူ
42.2K 1.6K 34
(Za)
"အဲ့ကောင်က ရူးတာပါ...''
ကျွန်တော် သူ့ကို စတင် သတိထားမိသည်က ကျွန်တော့် အနောက်မှ ကြားလိုက်ရသည့် ထိုဝေဖန်မူဆန်ဆန် စကားသံကြောင့်ဆိုရင် မမှားပေ။ကျွန်တော်တို့ အနုပညာအခန်းက ကျောင်းသားများ ကျောင်းပေါင်းစုံ ပြိုင်ပွဲအတွက် ရိုမီယို ၊ ဂျူးလီးယက် ပြဇာတ်အတွက် လေ့ကျင့်နေစဉ် ထိုစကားသံကြောင့် ကျွန်တော်တင်မက အခန်းထဲရှိကျောင်းသားအားလုံးရဲ့ အကြည့်က သူ့ဆီမှာသာ။ သူကတော့ စူးစိုက်ပြီး ကြည့်နေကြသည့် အဓိပ္ပါယ်များစွာသော အကြည့်ကို ဂရုမစိုက်စွာပင် ဆောင်းထားသည့် ဦးထုပ်ကို နောက်ပြန်လှည့်ဆောင်းကာ အနီးရှိ စားပွဲပေါ် တက်ထိုင်လိုက်သည်။
'' မင်း ဘာလာ ခေါင်းစားအောင် လုပ်မလို့လဲ..''
ခပ်လှမ်းလှမ်းက ဇာတ်ညွှန်းစာရွက်ကို ကိုင်ကာ မေးလိုက်သည့် baek hyun ရဲ့စကားကြောင့် သူက baekhyun ကို သွား၃၂ချောင်းလုံး ပေါ်အောင်ရီကာ
'' ငါက ငါ့အတွေးကို ပြောကြည့်တာပါ ...''
ကျွန်တော် စားပွဲပေါ်မှ စာရွက်ကို သိမ်းပြီး ကျောပိုးအိတ်ထဲ ထည့်ကာ အတန်းဆင်းရန် ဆုံးဖြတ်လိုက်သည်။ တော်ပြီလေ ... လေ့ကျင့် ချင်စိတ်လည်း မရှိဘူး ။ ဒီနေ့ kai ကျောင်းမလာသဖြင့် ကျွန်တော် တစ်နေ့လုံး ကျောင်းတက်ရတာ ပျင်းနေသည်လေ။
'' ဂျူးလီးယက် သေလို့ လိုက်သေတဲ့ ရိုမီယိုရဲ့ အချစ်ကို ငါ အထင်မကြီးဘူး ..''
ကျောပိုးအိတ်ကို လွယ်ပြီး အခန်းထဲမှ လှည့်ထွက်ရန်ပြင်လိုက်သည့် ကျွန်တော့် ခြေလှမ်းက ထိုစကားကြောင့် အလိုလိုရပ်တန့်သွားသည်။ ပြီးတော့ ထိုစကားကို ခပ်ပေါ့ပေါ့ ပြောသည့် သူ့ကို ကျွန်တော် အံ့ဩကာ ကြည့်နေမိသည်။ baekhyun က သူ့နားသွားပြီး သူ့ရဲ့ လျှာထိုးဦးထုပ် နောက်ပြန်ဆောင်းထားသည့် ခေါင်းကို လက်ဖြင့် ရိုက်ကာ
'' မင်းကများ ကြီးကြီးကျယ်ကျယ် အထင်မကြီးဘူးလေး ဘာလေး ..''
သူက baek hyun ရိုက်လိုက်သည့် ခေါင်းကို လက်ဖြင့် ပွတ်ကာ baek hyun ကို မျက်နာ ရှုံကာ ကြည့်နေပေမယ့် သူ့ မျက်နာက အပြုံးက ပျောက်ပျယ် မသွားသေး။ ပြီးတော့ အရှုံးမပေးသည့် မျက်ဝန်းဖြင့် baek hyun ကို ကြည့်ကာ