What is Kai's real mind ?

Start from the beginning
                                    

*****CHU*****

Kyungsoo " O-o အယ် ပြောနေရင်းနဲ့ကို မှန်မှန်ပြော Mask ချွတ်လို့ရတာ ဒီတစ်နေရာပဲရှိလို့ Hyung မဝင်ရဲဘူးပြောတာ တောင်အတင်းဝင်တာမဟုတ်လား "

Kai တစ်ယောက်မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားနေလိုက်တယ်။ Kyungsoo ကတော့ Kai ကိုကြည့်ကာ ပြုံးမိလိုက်တယ်။
ဟုတ်နေတာပဲ ဒီကလေးတော့ :)

ကစားကွင်းကထွက်လာကာ နေ့လည်စာစားပီး ရုပ်ရှင်သွားကြည့်ကြတယ်။ရုပ်ရှင်က ဟာသကားပေမယ့် မရီနိုင်တာက Kai ပင်။

ကလေးတစ်ယောက်လို ဖြူစင်စွာရီနေတဲ့ Kyungsoo ကိုကြည့်ပီး ငြိမ်သက်နေတယ်။

မျက်လုံးတွေကပြုံးရိပ်သန်းရမယ့်အစား ဆွေးရိပ်သန်းနေပီး ဝမ်းနည်းနေသလိုလို။  သေချာကြည့်ရင် မျက်ရည်လိုလို အရည်လေးတွေလဲ့နေတယ်။ ဘေးနားမှာ ရှိနေတဲ့ Kyungsoo ကတော့ ရုပ်ရှင်ထဲအာရုံစိုက်နေတော့ သတိမထားမိပေ။

************************************************************

Kaisoo date လုပ်နေချိန်မှာ Dorm မှာ Chanbaek ၂ယောက်သာကျန်နေခဲ့တယ်။ Chanyeol တစ်ယောက် စိတ်ထဲရှိတဲ့အတိုင်းဆို ညကပြန်ရောက်ထဲက Baek ကိုရှင်းပြချင်နေတာ။ဒါပေမယ့် Baek အကြောင်းသူအသိဆုံး စိတ်မတည်ငြိမ်သေးရင် ရှင်းပြလို့ နားဝင်မှာမဟုတ်။မနက်ကျရင်လဲ Baek ထွက်သွားမှာစိုးလို့ ညထဲက Baek အခန်းဝမှာအိပ်ဖြစ်သွားတယ်။မနက်မိုးလင်းတော့ Kris Hyung တို့က ရှောင်ပေးတဲ့အနေနဲ့ အပြင်ထွက်သွားပေးကြတယ်။တော်သေးတာပေါ့ ကျန်တဲ့သူတွေရှိနေရင် အားနာနေရဦးမယ် လေ ခုတော့ ကောင်းကောင်းရှင်းပြနိုင်တာပေါ့။ Baek ကလဲခုထိ အခန်းထဲက မထွက်လာသေး ကြာတော့ Yeol တစ်ယောက်စိတ်ပူလာပီ။

Yeol " Baek ya အပြင်ထွက်ပီး မနက်စာ လာစားဦးလေ "

ပြန်ဖြေသံမကြားရပေ

Yeol " Baek ya ကိုယ်မှားပါတယ်ကွာ ကိုယ်ရှင်းပြတာနားထောင်ပေးပါဦး။ ကိုယ့်ကို စကားမပြောချင်လဲ အစားတော့ထွက်စားပါဦး အဲလိုအခန်းအောင်းနေတော့ ကိုယ်စိတ်ပူလာပီ "

ဘာမှမထူးခြား ဒီအတိုင်းဆို ဒီနေ့ထွက်လာမယ်မထင်။Yeol လဲ Manager Hyung ကိုခေါ်ကာ သော့လှမ်းတောင်းလိုက် တယ်။ သူတို့ Dorm ကသော့ပုံစံတူတွေကို Manager Hyung ကတစ်တွဲယူထားတာကိုး။

Poisonous LoveWhere stories live. Discover now