Unicode #
ကလင်...ကလင်..ကလင်....
ကျောင်းတက်ခေါင်းလောင်းထိုးပြီဖြစ်သောကြောင့် သုငယ် တို့သူငယ်ချင်းတစ်သိုက် ကျောင်းထဲကိုအမြန်ပြေးဝင်လာရသည်။
"ဟိတ်! ...ဟိုကောင်တွေ ရပ်လိုက်စမ်း"
ကျောင်းခန်းအပေါက်ဝတောင်မရောက်သေးပဲ ကျောင်းအုပ်ဆရာကြီးရဲ့ အော်သံကိုကြားလိုက်ရသည်။
"သေပြီ ဟျောင့်တွေ..တို့ကျောင်းက King ကြီးငါတို့ကိုမြင်သွားပြီ"
မိုးမာန်က ပြေးနေတာကိုရပ်လိုက်ပြီး သူ့နဖူးသူရိုက်ကာပြောသည်။
"ငါလခွမ်း...တို့ကျောင်းက King ကဘယ်သူလဲကွ ။အခုအော်သံက အုပ်ကြီးအသံပါ"
ဖိုးတုတ်က ဘေးဘေးဘီဘီကိုအကဲခတ်ကြည့်ရင်း မိုးမာန်ပြောတဲ့ King ဆိုသူကိုလိုက်ရှာနေသည်။
"ချီးပဲ...အဲ့တာကြောင့်မင်းကို ငတုံးလိူ့ပြောတာ ငါပြောတဲ့ King ကအုပ်ကြီးလေ"
"အော်....ဟားဟား ငါသဘောပေါက်ပြီ။ ငါသဘောပေါက်ပြီ ။ ဒါမျိုးဆို မိုးမာန်တို့ကနာမည်ပေးကောင်းသားပဲကွ"
"ဟက်!. ..ဘယ်သူမိုလို့လဲ"
"မင်းတို့နှစ်ယောက်...တိုးတိုးနေကြတော့ဆရာကြီးငါတို့ဆီလာနေပြီ"
သုငယ် သတိပေးလိုက်တော့မှထိုနှစ်ယောက် စကားများတာရပ်သွားကြသည်။
"မင်းတို့ သုံးကောင် ရုံးခန်းထဲလိုက်ခဲ့"
ကျောင်းအုပ်ဆရာကြီးက မျက်မှောင်ကြီးကြုတ်ကာ
ပြောပြီးရှေ့ကနေထွက်သွားတာကြောင့် သုံးယောက်သား နောက်ကနေလိုက်သွားရသည်။
"ဒီတစ်ခါလည်း မင်းတို့ပါပဲလား။ အရင်တစ်ခါကလဲ နောက်မဖြစ်စေရပါဘူးဆိုပြီး ကတိပေးပြီးပြီ ။ယောကျာ်း ဆိုတာ ယောကျာ်းကတိကိုတည်ရတယ်ကွ...အခုမင်းတို့ကတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်...အမှတ်သညှာမရှိကြတဲ့ကောင်တွေ ။ မင်းတို့ ဦးနှောက်က ပုစွန်ဦးနှောက်လိုပဲ ချီးတွေနဲ့ပြည့်နေကြသလား"
ကျောင်းအုပ်ကြီးက မျက်မှောက်ကြုတ်ကြည့်ရင်း ဆုံးမစကားတွေကိုမာန်ပါပါပြောနေသည်။ သုံးယောက်လုံး ငြိမ်ပြီးနားထောင်နေရပေမယ့် ရုံးခန်းထဲကထွက်ရင် မျက်နှာသစ်ပစ်ရမလိုဖြစ်နေသည်။
YOU ARE READING
Strawberries & Cigarettes 🍓💨
FantasyRed flag 🚩 I think readers will like this fiction💞
